Fact Check: စစ်ခေါင်းဆောင် သားနဲ့သမီး အသတ်ခံရဆိုတဲ့ သတင်းတု

စစ်‌ခေါင်း‌ဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ သားနဲ့ သမီးဟာ ပစ်သတ်ခံရတယ်လို့ MRTVက အတည်ပြု ကြေငြာလိုက်တယ်ဆိုပြီး ဗွီဒီယိုတခု ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားတာတွေ့ရပါတယ်။ သတင်းတု ဖြန့်ချိမှုသာဖြစ်တယ်။ “Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်က မေ ၂၀ ရက်မှာဖြန့်ဝေထားပြီး ပျံ့နှံ့မှုအား‌ကောင်းနေတဲ့  ယူကျူ့ဗွီဒီယိုပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။   “မင်းအောင်လှိုင် သား နဲ့ သမီး ကို ပစ်သတ်  MRTV ကတောင် အတည်ပြု ကြေငြာပြီ” Original link | Archive link အချက်အလက်စိစစ်ချက်  ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ  လုပ်ကြံရေးသားပြောဆိုချက်တွေကို ဖြန့်ဝေတာ တွေ့ရပါတယ်။ ဒီလိုဖြန့်ဝေမှုတွေနဲ့ ပတ်သက်ပြီး Fact Crescendo Myanmar […]

Continue Reading

Fact Check: NLD ပါတီကို အာဏာပြန်လွှဲပေးမယ်လို့ စစ်ခေါင်းဆောင် ကြေညာဆိုတဲ့ သတင်းတု

NLD ပါတီကို အာဏာပြန်လွှဲပေးမယ်လို့ စစ်‌ခေါင်း‌ဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင် အတည်ပြု လိုက်တယ်ဆိုပြီး ဗွီဒီယိုတခု ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားတာတွေ့ရပါတယ်။ သတင်းတု ဖြန့်ချိမှုသာဖြစ်တယ်။ ဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။   “NLD ပါတီကို အာဏာပြန်လွှဲပေးမယ့်သတင်း မင်းအောင်လှိုင် ကိုယ်တိုင်အတည်ပြုလိုက်ပြီ လူထုခေါင်းဆောင် ကိုပွဲထုတ်ပြီးရှောင်ပြေး” Original link | Archive link အချက်အလက်စိစစ်ချက်  ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Star Vibes”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ မီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည် ကူးယူ‌ဖော်ပြပြီး သတင်းခေါင်းစဉ်တုတပ် ဖြန့်ချိတာ ဒါမှမဟုတ် လုပ်ကြံရေးသားပြောဆိုချက်တွေကို ဖြန့်ဝေတာ တွေ့ရပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar အနေနဲ့ မကြာခဏ အချက်အလက်စိစစ်ဖော်ပြခဲ့ပြီးဖြစ်တယ်။ […]

Continue Reading

Fact Check: မြန်မာစစ်‌ခေါင်းဆောင်ကို ၂၀၂၆ အစပိုင်းမှာ ဖမ်းစီးနိုင်ဖို့ ကြိုးပမ်းနေ တယ်လို့ AA စစ်ဦးချုပ်ပြောတဲ့ သတင်းတု

မြန်မာစစ်‌ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ၂၀၂၆ အစပိုင်းမှာ ဖမ်းစီးနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ AA စစ်ဦးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောတယ်ဆိုတဲ့ ဓာတ်ပုံပို့စ်တခု လူမှုကွန်ယက်မှာ ပျံ့နှံ့မှု အားကောင်းနေ တာတွေ့ရပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတုသာဖြစ်တယ်။  အောက်ပါစာသားတွေကတော့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပုံနဲ့အတူ ဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။  “အကြမ်းဖက်သမား မင်းအောင်လှိုင် နဲ့ အပေါင်းပါတွေကို ၂၀၂၆ အစလောက်မှာ ဖမ်းစီးပြီး ရုံးတင်နိုင်ဖို့ အစွမ်းကုန် ကြိုးစားနေပါတယ် ဟုတ်ကဲ့ ကျနော်တို့ ဖမ်းစီးရမိရင်တော့  ICC ကို လွဲပြောင်းမပေးပါဘူး ကိုယ့်လက်ကိုယ့်ခြေနဲ့  ပြည်သူရှေ့မှာ ပြတ်ပြတ်သားသားအရေးယူပါမယ်” မူရင်းလင်ခ့် – Original link | Archive link အချက်အလက်စိစစ်ချက် ရက္ခိုင့်တပ်တော်(Arakan Army)ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ x အကောင့်ကို […]

Continue Reading