Fact Check: တပ်မတော်နေ့ တိုက်ခိုက်ခံရလို့ စစ်အရာရှိ ၆၂ ဦး သေဆုံးခဲ့ပြီး အခမ်းနား ဖျက်သိမ်းလိုက်ရတဲ့ သတင်းတု
တပ်မတော်နေ့ တိုက်ခိုက်ခံရလို့ စစ်အရာရှိ ၆၂ ဦး သေဆုံးခဲ့ပြီး အခမ်းနား ဖျက်သိမ်းလိုက်ရတယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်း နေတယ်။ သတင်းတု ဖြန့်ချိ နေခြင်းဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ အလားတူတဲ့ မျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရတယ်။ “(၈၁)နှစ် တပ်မတော်နေ့ တိုက်ခိုက်ခံရ စစ်အရာရှိတွေအပါဝင် (၆၂) ဦး သေဆုံး ၊ သွေးချောင်းစီး နေပြီး အခမ်းနားပါ ဖျက်သိမ်းလိုက်ရပြီ” Original link | Archive link အချက်အလက်စိစစ်ချက် မတ် ၂၇ ရက်နေ့က နေပြည်တော်မှာ အာဏာသိမ်းစစ်တပ်က တပ်မတော်နေ့ကို ပုံမှန်အတိုင်း ကျင်းပခဲ့တာ တွေ့ရပါတယ်။သံတောင်ကြီးမြို့နယ် စစ်တပ်တိုက်ခိုက်ရေးသင်တန်းကျောင်းကို […]
Continue Reading
