Fact Check: ရွေး‌ကောက်ပွဲလက်မခံလို့ ဦးသိန်းစိန်ကို စစ်တပ်က ဖမ်းတယ်ဆိုတဲ့ သတင်းတု 

စစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို လက်မခံဘူးပြောလို့ သမ္မတဟောင်းဦးသိန်းစိန်ကို  စစ်တပ်က ဖမ်းဆီးလိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှုအား‌ကောင်းလျက်ရှိတာ တွေ့ရတယ်။ သတင်းတု ဖြန့်ချိမှုသာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “ဦးသိန်းစိန် ဖမ်းခံရမှုကြီး  ကုလသမဂ္ဂ အသိအမှတ်မပြုပဲ နဲ့ ရွေးကောက်ပွဲ  မလုပ်သင့်ပြောတဲ့ ဦးသိန်းစိန်ကို မအလ ဝင်ဖမ်းပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “The Daily Lens”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ လုပ်ကြံပြောဆိုချက်တွေနဲ့ သတင်းမီဒီယာ တချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို လိုအပ်သလိုပြောဆိုပြီး သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေ ဖြန့်ချိတာတွေ ပြုလုပ်ပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar […]

Continue Reading

Fact Check: နေပြည်တော်ကို လေယာဉ်နဲ့ ဗုံးကြဲခံရလို့ စစ်ခေါင်းဆောင်သေဆုံးတဲ့ သတင်းတု 

နေပြည်တော်ကို လေယာဉ်နဲ့ ဗုံးကြဲခံရပြီး စစ်ခေါင်းဆောင်နဲ့ အပေါင်းအပါတွေ သေဆုံးခဲ့တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ နားလည်မှုလွဲမှာစေနိုင်တဲ့ ပြောဆိုမျှဝေမှုတွေသာဖြစ် တယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ အလားတူးတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာမှာလည်း တွေ့ရပါတယ်။ Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “The Daily Lens”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေကို ကူးယူဖော်ပြပြီး သတင်းခေါင်းစဉ်တုတပ်ကာ ပြန်လည်ဖြန့်ချိတာ ဒါမှမဟုတ် လုံးဝလုပ်ကြံပြောဆိုတာတွေ ပြုလုပ်တဲ့နေရာတခုဖြစ်တယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း  အချက်အလက်စိစစ်ဖော်ပြချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။ အခုလည်း […]

Continue Reading

Fact Check: ဒုတိယစစ်ခေါင်းဆောင် စိုးဝင်း သေဆုံးမှု သတင်းတု

ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းဟာ စစ်ခေါင်းဆောင်ကို အာဏာဖိဆန်လို့ လုပ်ကြံခံရပြီး သေဆုံးသွားတယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တာတွေ့ရပါတယ်။ ။ အောက်ပါ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ အလားတူတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ “အမေစု ကို ခိုး လွှတ်ပေးဖို့ လုပ်တဲ့ ဒုတပ်ချုပ် စိုးဝင်း ရာထူးကနေဖြုတ်ချခံရပြီး သေဆုံးခဲ့ရလို့ လန့်ကုန်ပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “The Daily Lens”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က ဖော်ပြချက် သတင်းတွေကို ပုံဖျက်ပြောဆိုပြီး လုပ်ကြံသတင်းခေါင်းစဉ်တွေတပ်ကာ ဖြန့်ချိလေ့ရှိပါတယ်။ အခုလည်း ဗွီဒီယိုအစမှာပြသတဲ့ […]

Continue Reading

Fact Check: အာဏာခွဲဝေဖို့ ရွေးကောက်ပွဲဝင်ပြိုင်ဖို့ NLD ကို စစ်ခေါင်းဆောင် ဖိတ်ခေါ်တဲ့ သတင်းတု

အာဏာခွဲဝေဖို့ ရွေးကောက်ပွဲဝင်ပြိုင်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီကို စစ်ခေါင်းဆောင် ဖိတ်ခေါ်လိုက်တယ်ဆိုထားတဲ့ ဗွီဒီယိုကို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတုဖြန့်ဝေမှုတခုသာ ဖြစ်တယ်။ ဖြန့်ဝေထားတဲ့ ဗွီဒီယိုပို့စ်စာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ဓာတ်ပုံကို အောက်မှာကြည့်ပါ။  “စစ်ခေါင်းဆောင် လေသံပြောင်းပြီ NLDကို ‌ရွေးကောက်ပွဲပြိုင်ဖို့ မင်းအောင်လှိုင်ကိုယ်တိုင် ဆက် သွယ်ဖိတ်ခေါ် အာဏာခွဲ့ဝေဖို့ပြောနေပြီ”(မူရင်းအရေးအသား) မူရင်းလင်ခ့် – Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Yangon Khit Thit”အမည်နဲ့ ယူကျူ့ချန်နယ်ကို ကြည့်မယ်ဆိုရင် သတင်းမီဒီယာတချို့မှာ ဖော်ပြခဲ့တဲ့ အကြောင်းအရာ တွေကို ပြန်လည်ကူးယူပြီး သတင်းခေါင်းစဉ်တုတပ်ကာ ဗွီဒီယို ပုံစံနဲ့ ပြန်လည်ဖြန့်ချိတဲ့နေရာဖြစ်တယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက် […]

Continue Reading

Fact Check: အကြမ်းဖက်အဖြစ် မြန်မာစစ်တပ်ကို အမေရိကန်ကြေညာပြီး စစ်တပ်က အမေရိကန်သံရုံးကို ဝင်စီးတဲ့ သတင်းတု

အကြမ်းဖက်အဖြစ် မြန်မာစစ်တပ်ကို အမေရိကန်ကြေညာပြီး စစ်တပ်က အမေရိကန်သံရုံးကို ဝင်စီးခဲ့တယ်လို့ ဆိုထားတဲ့ ဗွီဒီယို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတုဖြန့်ဝေမှုသာ ဖြစ်တယ်။ ဖြန့်ဝေထားတဲ့ ဗွီဒီယိုပို့စ်စာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ဓာတ်ပုံကို အောက်မှာကြည့်ပါ။  “အကြမ်းဖက်အဖြစ် အမေရိကန်က ကြေညာ အမေရိကန် သံရုံးကို စစ်တပ် ဝင်စီးနေပြီ တရုတ်နဲ့‌ပေါင်းပြီး အမေရိကန်ကို ပုန်ကန်တဲ့ စစ်တပ်ကို  အကြမ်းဖက်အဖြစ် အမေရိကန် ကမ္ဘာသိ ကြေညာ” မူရင်းလင်ခ့် – Original link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ သတင်းဖော်ပြချက်မရှိပါဘူး။ ဗွီဒီယိုဖြန့်ဝေထားတဲ့ “Mandalay Khitthit”အမည်နဲ့ ယူကျူ့ချန်နယ်ကို ကြည့်မယ်ဆိုရင် သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ အကြောင်းအရာ တွေကို ပြန်လည်ကူးယူပြီး သတင်းခေါင်းစဉ်တုတပ်ကာ […]

Continue Reading

Fact Check: မြန်မာစစ်တပ်ဗိုလ်ချုပ်တွေကို သေဒဏ်ပေးဖို့ ICC အမိန့်ချတဲ့ သတင်းတု 

လူမျိုးတုံးသတ်ဖြတ်မှုအတွက် မြန်မာစစ်ဗိုလ်ချုပ်တွေကို ‌ICC သေဒဏ်‌ပေးလိုက်တယ်ဆိုတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ နားလည်မှုလွဲမှာစေနိုင်တဲ့ ပြောဆိုမျှဝေမှုတွေသာဖြစ်တယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ အလတူးတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာမှာလည်း တွေ့ရပါတယ်။ Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit Media”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေကို ကူးယူဖော်ပြပြီး သတင်းခေါင်းစဉ်တုတပ်ကာ ပြန်လည်ဖြန့်ချိတာတွေ့ရတယ်။  ဒီယူကျူ့ချန်နယ်ဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနရဲ့ ယူကျူ့ချန်နယ်နာမည်ကိုလည်း ဆင်တုယိုးမှား တုပပြီး သတင်းမီဒီယာတချို့မှာ ဖော်ပြခဲ့ပြီး သတင်းတွေကို အခုလို သတင်း‌ခေါင်းစဉ် တုတပ်ဖြန့်ချိနေခြင်းဖြစ်တယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar အနေနဲ့မကြာခဏ အချက်အလက်စိစစ်ဖော်ပြခဲ့ပြီးဖြစ်တယ်။ အခုလည်း […]

Continue Reading

Fact Check: ကုလလုံခြုံ‌ရေး‌ကောင်စီလက်မခံလို့ ရွေးကောက်ပွဲ စစ်တပ် ဖျက်သိမ်းတဲ့ သတင်းတု

ကုလသမဂ္ဂလုံခြုံ‌ရေး‌ကောင်စီလက်မခံလို့ နှစ်ကုန်မှာ ကျင်းပမယ့် ရွေးကောက်ပွဲကို စစ်တပ်ကဖျက်သိမ်းလိုက် တယ်ဆိုပြီးဗွီဒီယို ယူကျူ့ချန်နယ်တခု က ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်း လျက်ရှိတယ်။ သတင်းတုသာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။ ဒီဗွီဒီယိုဟာ ကြည့်ရှု့မှုပေါင်း ၁ ဒဿမ ၂ သိန်းဝန်းကျင်ရှိထားတယ်။  “ရွေးကောက်ပွဲ ဖျက်သိမ်းလိုက်ရပြီ လုံခြုံရေးကောင်စီလက်မခံလို့ ဖျက်သိမ်းခံရဟု  ဇော်မင်းထွန်းဝန်ခံ၊ စစ်ကောင်စီအရှိုက်ထိနေပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit Media”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေကို ကူးယူဖော်ပြရာမှာ သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိလေ့ရှိတယ်။ ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေနဲ့ မီဒီယာတွေမှာ မြန်မာစစ်တပ်က ရွေးကောက်ပွဲ ကျင်းပမယ်ဆိုတဲ့ အကြောင်းသာ‌တွေ့ရပြီး အပိုင်းလိုက် […]

Continue Reading

Fact Check: စစ်တပ်လုပ်မယ့် ရွေးကောက်ပွဲ တရုတ်လက်မခံဆိုတဲ့ သတင်းတု 

စစ်တပ်လုပ်မယ့် ရွေးကောက်ပွဲ တရုတ်လက်မခံဘူးဆိုတဲ့ ဗွီဒီယို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။  သတင်းတုသာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “တရုတ် အကြပ်ကိုင်လိုက်ပြီ တရုတ်သံရုံး စစ်တပ်က မောင်းထုတ် ဒေါ်အောင်ဆန်းစုကြည်ပါမှ ရွေးကောက်ပွဲလက်ခံမည် စစ်တပ်ရွေးကောက်ပွဲလက်မခံဟု တရုတ်က အပြတ်ပြော” Original link | Archive link အချက်အလက်စိစစ်ချက် ဒေါ်အောင်ဆန်းကြည်မပါတဲ့ စစ်တပ်က ကျင်းပမယ်လို့ ကြွေးကြော်ထားတဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး တရုတ်က လက်မခံဘူးလို့ ပြောတဲ့အကြောင်း ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာ ဖော်ပြချက်မတွေ့ရပါဘူး။ ဗွီဒီယိုတွေ ဖြန့်ဝေထားတဲ့ “Mandalay Khitthit” အမည်နဲ့ ယူကျူချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့ပြီး သတင်းတွေနဲ့ လူမှုကွန်ယက်အသုံးပြုသူတွေ သတင်း‌ခေါင်းစဉ် တုတပ်ဖြန့်ချိတဲ့နေရာဖြစ်တယ်။ ပတ်သက်ပြီး Fact […]

Continue Reading

Fact Check: NUG နဲ့ စစ်တပ် တရားဝင် အပစ်ရပ်သဘောတူညီချက်ရရှိပြီး တနိုင်ငံလုံးအပစ်ရပ်လိုက်ပြီဆိုတဲ့ သတင်းတု

NUG နဲ့ စစ်တပ် တရားဝင် အပစ်ရပ်စဲရေးသဘောတူညီချက်ရရှိပြီး တနိုင်ငံလုံးအပစ်ရပ်လိုက်ပြီလို့ ဆိုထားတဲ့ ဗွီဒီယို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ ပြောဆိုရေးသားချက်ဖြစ်ပြီး သတင်းတုသာဖြစ်တယ်။ ပျံ့နှံ့နေတဲ့ ဗွီဒီယိုပို့စ်စာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ဓာတ်ပုံကို အောက်မှာကြည့်ပါ။  “တစ်နိုင်ငံလုံး အပစ်ခတ် ရပ်လိုက်ပြီ NUG နဲ့ စစ်တပ် တရားဝင် သဘောတူညီမှုရရှိပြီး တစ်နိုင်ငံလုံး ငြိမ်းချမ်းရေး စတင်ကြေညာ” မူရင်းလင်ခ့် – Original link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်း လုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ သတင်းဖော်ပြချက်မရှိပါဘူး။ ဗွီဒီယိုဖြန့်ဝေထားတဲ့ “Mandalay khitThit”အမည်နဲ့ ယူကျူ့ချန်နယ်ကို ကြည့်မယ်ဆိုရင် သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ အကြောင်းအရာ တွေကို ပြန်လည်ကူးယူပြီး သတင်းခေါင်းစဉ်တုတပ်ကာ ဗွီဒီယို ပုံစံနဲ့ ပြန်လည်ဖြန့်ချိတဲ့နေရာဖြစ်တယ်။ […]

Continue Reading

Fact Check: ရွှေတိဂုံအပါအဝင် ဘုရားဖူးပြည်သူတွေကို စစ်တပ် ဗုံးကြဲတိုက်ခိုက်တဲ့ သတင်းတု

လပြည့်ကျော် ၁ ရက်နေ့မှာ စစ်ကောင်စီက ၎င်းတို့ထိန်းချုပ်ရာ ရန်ကုန်က  ရွှေတိဂုံအပါအဝင် ဘုရားဖူးပြည်သူ တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တယ်ဆိုပြီး ဗွီဒီယိုတခု “Yangon Khit Thit”အမည်နဲ့ ယူကျူ့ချန်နယ်က မျှဝေထားရာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတုတပ် ဗွီဒီယိုတခုဖြစ်တာတွေ့ရတယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဒီဗွီဒီယိုဟာ ၂၄ နာရီအတွင်း ကြည့်ရှု့မှုပေါင်း ၁ ဒဿမ ၂ သိန်းဝန်းကျင်ရရှိထားတယ်။ “လပြည့်ကျော် (၁)ရက်နေ့ ဗုံးကြဲပြန်ပြီ ရွှေတဂုံ အပါဝင် ဘုရားဖူးပြည်သူများကို စစ်တပ်က ဗုံးကြဲ အများပြားသေဆုံးနေပြီဗျာ” Original link | Archive link အချက်အလက်စိစစ်ချက် အခုလို ဗွီဒီယိုကိုဖော်ပြထားတဲ့ “Yangon Khit Thit”အမည်နဲ့ […]

Continue Reading