Fact Check: ထိုင်းနယ်စပ်ကို မြန်မာဘက်က ဗုံးမှားကြဲလို့ လူ ၂၀၀ ဦးသေဆုံးတဲ့ သတင်းတုသတင်းမှား
ထိုင်းနယ်စပ်ကို မြန်မာဘက်က ဗုံးမှားကြဲလို့ လူ ၂၀၀ ဦးသေဆုံးခဲ့ပြီးနောက် ထိုင်းဘက် လက်တုန့်ပြန်မယ်လို့ ကြောညာဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့အကြား ပျံ့နှံ့မှု့အားကောင်းခဲ့ပါတယ်။ သတင်းတု သတင်းမှားဖြန့်ချိနေခြင်းဖြစ်ပါတယ်။ အောက်ပါစရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ဖေ့စ်ဘွတ်ပို့စ်တစ်ခုဖြစ်ပါတယ်။ ဧပြီ ၂၁ ရက်နေ့က မြန်မာစစ်တပ်က ထိုင်းနယ်စပ်ကို ဗုံးမှားကြဲမိကြောင်းနဲ့ ထိုင်းလေတပ်ချုပ်က ချက်ချင်းတုန့်ပြန်ခဲ့ကြောင်း ဖော်ပြထားပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link နောက်ထပ် ရေးသားဖြန့်ဝေမှုတစ်ခုမှာတော့ ထိုင်းဘက် ဗုံးမှားကြဲမိလို့ လူ ၂၀၀ သေဆုံးပြီး ထိုင်းက သွေးကြွေး ပြန်တောင်းမယ်လို့ ချက်ချင်းကြေညာတယ်လို့လည်း ဗွီဒီယိုထဲမှာရေးသားထားပါတယ်။ဒီနေရာမှာ ကြည့်ပါ။ အချက်အလက်စိစစ်ချက် ဒီလိုမျှဝေထားတဲ့ ဗွီဒီယိုတွေကို ထပ်မံလေ့လာကြည့်ရာမှာ ဗွီဒီယိုပါအကြောင်းအရာဟာ ပဲခူးတိုင်း၊ ပြည်ခရိုင်က PDF တွေနဲ့ပတ်သက်တဲ့ […]
Continue Reading