Fact Check: စစ်မှုထမ်းဥပဒေ တရားဝင်ရုတ်သိမ်းလိုက်ပြီဆိုတဲ့ သတင်းတု

စစ်မှုထမ်းဥပဒေကို တရားဝင်ရုတ်သိမ်းလိုက်ကြောင်း ကြေညာပြီလို့ ဆိုတဲ့ ဗွီဒီယိုတခု ယူကျူ့ချန်နယ်မှာ ပျံ့နှံ့နေတာဟာ သတင်းတု ဖြန့်ဝေနေခြင်းဖြစ်တာတွေ့ရတယ်။  ဒီဇင်ဘာ ၂၅ ရက်က စတင်ဖြန့်ဝေခဲ့ပြီး ပျံ့နှံ့မှုအားကောင်းနေဆဲ ဗွီဒီယိုစခရင်ရှော့နဲ့ ဗွီဒီယိုထဲပါ စာသား ကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။ ဒီဗွီဒီယိုဟာ လက်ရှိအချိန်မှာ ကြည့်ရှု့မှုအကြိမ်အရေအတွက် ၂ ဒသမ ၂ သိန်းရရှိထားတယ်။  “လူငယ်တွေပြေးစရာမလိုတော့ဘူး စစ်မှုထမ်းဥပဒေကို တရားဝင်ရုတ်သိမ်းလိုက်ပြီ စစ်ရုံးပြီလို့ဝန်ခံ/ အမြန်နား‌ထောင်ပေးကြပါ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် “Star Vibes”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းတွေကို ခေါင်းစဉ်တုတပ်ဖြန့်ချိတာ ဒါမှမဟုတ် လုပ်ကြံပြောဆိုချက်တွေနဲ့ ရောနှောဖြန့်ချိနေတဲ့ နေရာတခုဖြစ်တယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo […]

Continue Reading

Fact Check: သံဃာတွေပါ စစ်မှုထမ်းရမယ်လို့ စစ်ခေါင်းဆောင်က အမိန့်ထုတ် လိုက်တယ်ဆိုတဲ့ သတင်းတု

သံဃာတွေပါ စစ်မှုထမ်းရမယ်လို့ စစ်ခေါင်းဆောင်က အမိန့်ထုတ်လိုက်တယ်ဆိုတဲ့  ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျက်ရှိပါတယ်။ သတင်းတု သတင်းမှားဖြန့်ချိနေခြင်းသာ ဖြစ်တယ်။  အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။  “Breaking News သံဃာ(၅)သိန်းထိုးကျွေးပြီးဟေ့ စစ်ရှုံးနေတဲ့သမ္မတရူးမအလကြင်စိုး သီတဂူနဲ့လက်ဝါးချင်းရိုက်ပြီ  သံဃာတွေပါစစ်မှုထမ်းရမည် မအလ အမိန့်ထုတ်ပြီဟေ့”(မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ ယူကျူ့ချန်နယ်ကို လေ့လာကြည့်မယ်ဆိုရင် သတင်းမီဒီယာတွေမှာဖော်ပြခဲ့တဲ့ သတင်းအချို့ကို ပြန်လည်ကူးယူဖော်ပြပြီး အခုလိုပဲ ထင်ယောင် ထင်မှားဖြစ်ဖွယ်သတင်းခေါင်းစဉ်တု တွေတပ်ဖြန့်ချိလေ့ရှိတာလည်းတွေ့ရတယ်။ “Khit Thit Televison”အမည်နဲ့ ယူကျူ့ချန်နယ်ရဲ့ သတင်းတုဖြန့်ဝေမှုတွေအကြောင်း အချက်အလက်စိစစ်ချက်တွေကို Fact Crescendo Myanmar ရဲ့ ဒီလင့်ခ်မှာကြည့်ပါ။  […]

Continue Reading

Fact Check: စစ်မှုထမ်းဥပဒေ ရုပ်သိမ်းမှု သတင်းခေါင်းစဉ်တု

မတ် ၂၂ ရက်မှာ စစ်မှုထမ်းဥပဒေ ရုပ်သိမ်းလိုက်တာကြောင့် လူငယ်တွေအနေနဲ့ ထွက်ပြေးစရာမလိုတော့ဘူးလို့ ဆိုထားတဲ့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းလျှက် ရှိတယ်။  အောက်ပါစာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူ ထားခြင်းဖြစ်တယ်။ မတ် ၂၂ ရက်က ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှုပေါင်း ၄ သိန်းကျော်ရှိထားတယ်။  “၂၂ ရက်အထူးအစည်းဝေးဆုံးဖြတ်ချက် ကန့်ကွက်မှုများနေတဲ့ “စစ်မှုထမ်းဥပဒေ” ဖျက်သိမ်း လူငယ်များထွက်ပြေးရန်မလို၊ အခုပဲကြေညာပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “MS Story (Myanmar)”အမည်နဲ့ ကျူ့ချန်နယ်က ဗွီဒီယိုတွေကို လေ့လာကြည့်ရာမှာ သတင်းမီဒီယာ အချို့မှာ […]

Continue Reading

Fact Check: စစ်မှုထမ်းဥပဒေကို စစ်ကောင်စီ ရုတ်သိမ်းတဲ့ သတင်းတု

နိုင်ငံတကာဖိအားတွေကြောင့် စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို ရုတ်သိမ်းလိုက်ပြီလို့ဆိုထားတဲ့ သတင်းတု ဗွီဒီယိုတခု ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိတယ်။  အောက်ပါစာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။   “အထူးသတင်းကောင်း  စစ်မှုထမ်းဥပဒေရုတ်သိမ်းပြီ  နိုင်ငံတကာဖိအားတွေကြောင့်ရုတ်သိမ်းရန်  မင်းအောင်လှိုင်မှမဖြစ်မနေရုတ်သိမ်းလိုက်ပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် “Yangon Khit Thit”အမည်နဲ့ ချန်နယ်ကို ကြည့်မယ်ဆိုရင် သတင်းမီဒီယာလုပ်ငန်းတခုဖြစ်တဲ့ “ရန်ကုန် ခေတ်သစ်သတင်းဌာန”ရဲ့ အမည်နာမ တုပထားပြီး သတင်း ဌာနတွေက ကနဦးဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူ ဖတ်ကြားကာ ထင်ယောင်ထင်မှား ဖြစ်ဖွယ် သတင်းခေါင်းစဉ်တွေတပ်ကာ ဖြန့်ဝေနေခြင်းဖြစ် တာတွေ့ရပါတယ်။ Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီမှာကြည့်ပါ။  အခုလည်း […]

Continue Reading

Fact Check: သရုပ်ဆောင်တွေရဲ့ စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်ပြီး ပြောကြားချက် တွေလား- မဟုတ်ပါ

စစ်ကောင်စီက ပြဌာန်းလိုက်တဲ့ စစ်မှုထမ်းဥပဒေနဲ့ပတ်သတ်ပြီး ရုပ်ရှင်သရုပ်ဆောင်တွေရဲ့ ထောက်ခံပြောကြား ချက်၊ ကန့်ကွက်ချက်တွေအဖြစ် ဗွီဒီယိုတွေယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတု ဖြန့်ချိ နေခြင်းသာဖြစ်တယ်။ မြန်မာနိုင်ငံမှာ ၁၈ နှစ်ကနေ ၃၅ နှစ်ကြားအမျိုးသားတိုင်း၊ အသက် ၁၈ နှစ်ကနေ ၂၇ ကြား အမျိုးသမီးတိုင်း မဖြစ်မနေ စစ်မှုထမ်းရမယ်လို့ဆိုထားတဲ့ စစ်မှုထမ်းဥပဒေကို  ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ အာဏာသိမ်း စစ်ခေါင်းဆောင်က ထုတ်ပြန်ကြေညာခဲ့အပြီးမှာ သတင်းတုသတင်းမှားတွေ ဆက်တိုက်ဖြန့်ဝေလာ နေတာတွေ့ရပါတယ်။ အောက်ပါစာသားတွေနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်း ဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၁၁ ရက်ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ ကြည့်ရှု့မှုပေါင်း ၄ သိန်းကျော်ရှိတယ်။ ဗွီဒီယိုခေါင်းစဉ်မှာ “မြင့်မြတ်လည်း ဒဲ့ပြောပြီလေ”လို့ ရေးသားလျှက် ဗွီဒီယိုထဲက ရုပ်ကတ်ထဲမှာတော့“မဖြစ်မနေ စစ်မှု့ထမ်းရမယ့် […]

Continue Reading

Fact Check: စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေအကြောင်းပြုပြီး သတင်းတုသတင်းမှားများ ဖြန့်ဝေလာ

ဖေဖော်ဝါရီ ၁၀ ရက်မှာ စစ်ကောင်စီက လူတိုင်းစစ်မှုထမ်းရမယ်လို့ဆိုထားတဲ့ စစ်မှုထမ်းဥပဒေကို‌ ကြေညာလာ တာကို အကြောင်းပြုပြီး သတင်းတုသတင်းမှားတွေ ဖြန့်ဝေလာတာတွေ့ရပါတယ်။   စစ်မှုထမ်းဥပဒေကို စစ်ကောင်စီက ပြန်လည်ရုပ်သိမ်းလိုက်တယ်ဆိုတာအပါအဝင် စစ်မှုမထမ်းဘဲ ပြည်ပပြေးရင် ပစ်သတ်ရန် စစ်ကောင်စီက အမိန့်ထုတ်ထားတယ်၊ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ရန်ကုန်မှာ လူမိုက်တွေက ဓားနဲ့လိုက်ခုတ်တယ်စသည်ဖြင့် ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေသာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “စစ်မှုမထမ်းမနေရအမိန့်စာထုတ်ပြီးပြီးချင်း ရန်ကုန်နဲ့မန္တလေးမှာ လူငယ်တွေကို ဖမ်းဆီးနေ ပြည်ပပြေးရင် ပစ်သတ်ရန်အမိန့်ထုတ်” မူရင်းလင်ခ့် – Youtube link | Archive link နောက်ထပ်ဖြန့်ဝေထားတဲ့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီတခုမှာတော့ “စစ်မှုထမ်းရန် လူငယ်တွေလိုက်ဖမ်းနေချိန် ရန်ကုန်လူမိုက်များကစစ်ခွေးတွေကို […]

Continue Reading

Fact Check: စစ်မှုထမ်းဥပဒေကို စစ်ကောင်စီဖျက်သိမ်းလိုက်ပြီဆိုတဲ့ သတင်းတု

စစ်ကောင်စီက ပြဌာန်းလိုက်တဲ့ စစ်မှုထမ်းဥပဒေကို ပြန်လည်ပယ်ဖျက်လိုက်ပြီလို့ဆိုထားတဲ့ ဗွီဒီယိုတခုယူကျူ့မှာ ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းမီဒီယာတွေကဖော်ပြချက်တွေကို ပြန်လည်ကူးယူ ဖော်ပြပြီး နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တု ဗွီဒီယိုတခုသာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ ဒီဗွီဒီယိုကို တရက်အတွင်း ကြည့်ရှု့မှုပေါင်း ၂ သိန်းကျော်ရှိတယ်။ “စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေ ပယ်ချခံရ စစ်ကောင်စီဖျက်သိမ်းလိုက်ပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် မြန်မာနိုင်ငံမှာ ၁၈ နှစ်ကနေ ၃၅ နှစ်ကြားအမျိုးသားတိုင်း၊ အသက် ၁၈ နှစ်ကနေ ၂၇ ကြားအမျိုးသမီးတိုင်း မဖြစ်မနေ စစ်မှုထမ်းရမယ်လို့ဆိုထားတဲ့ စစ်မှုထမ်းဥပဒေကို  ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က  ထုတ်ပြန်ကြေညာ လိုက်ပါတယ်။ (ဒီလင့်ခ်မှာကြည့်ပါ) […]

Continue Reading