Fact Check: အမေရိကန် စစ်ရေယာဉ် ၅ စီး ရခိုင်ကမ်းလွန်ကို ဝင်‌ရောက်လာတဲ့ သတင်းတု 

အမေရိကန်တပ်ဖွဲ့ထောင်ချီပါဝင်တဲ့ အမေရိကန် စစ်ရေယာဉ် ၅ စီး ရခိုင်ကမ်းလွန်ကို ဝင်ရောက်လာတယ်ဆိုတဲ့ ဗွီဒီယို ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။  “အမေရိကန် စစ်ရေယာဉ် (၅) စီး ဝင်လာ ရခိုင့်ကမ်းလွင်ပြင် အမေရိကန်တပ်ဖွဲ့ထောက်ချီ‌ရောက်လာလို့ စစ်အုပ်စုတွင်းပွတ်လောက်ရိုက်နေ၊ တပ်မိသားစုတွေ ရွေ့ပြေးနေပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ရန်ကုန်ခေတ်သစ်သတင်းဌာနရဲ့ ယူကျူ့အမည်နာမကို တုပထားတဲ့ ဒီဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit Media”ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာ တချို့က သတင်းတွေကို သတင်းခေါင်းစဉ်တု တပ်ကာ ဖြန့်ချိလေ့ရှိ ပါတယ်။ ဒီချန်နယ်နဲ့ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက် တွေကို […]

Continue Reading

Fact Check: ရခိုင်ပြည်ကို အမေရိကန် စစ်သင်္ဘောတွေဝင်လာပြီဆိုတဲ့ သတင်းမှား

ရခိုင်ပြည်နယ်ကို အမေရိကန်စစ်သင်္ဘောတွေ ဝင်လာပြီဆိုပြီး ဗွီဒီယိုတွေ ယူကျူ့မှာ  ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားတခုဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်က ရယူထားတဲ့  စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။   “ရခိုင်ပြည် ကို US စစ်တပ်ဝင်လာပြီ ရခိုင်ပြည်ကို အမေရိကန် စစ်သင်္ဘော ဝင်လာပြီး မကြာဘူး တရုတ်သဘာဝဓာတ်ငွေ့လုပ်ငန်း ပေါက်ကွဲလို့ လန့်ကုန်ပြီ”  Original link | Archive link အလားတူတဲ့ ရေးသားမျှဝေမှုတွေကို “Mandalay KhitThit”အမည်နဲ့ ယူကျူ့ချန်နယ်ကလည်း ဖြန့်ဝေထားတာ ဒီနေရာမှာတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် “The Daily Lens”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့အကြောင်းအရာတွေကို ခေါင်းစဉ်တုတပ်ဖြန့်ချိတာ၊ လုံးဝလုပ်ကြံရေးသားဖြန့်ဝေတာတွေ ပြုလုပ်တဲ့ နေရာဖြစ်တယ်။  ဒီချန်နယ်နဲ့ ပတ်သက်တဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။  […]

Continue Reading