Fact Check: ကရင်ပြည်နယ်တစ်ခုလုံးမှာ စစ်တပ်က လက်နက်ချလိုက်ပြီဆိုတဲ့ သတင်းမှား

ကရင်ပြည်နယ်တစ်ခုလုံးမှာ စစ်တပ်က လက်နက်ချလိုက်ပြီဆိုတဲ့  ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းတုဖြန့်ချိမှုဖြစ်ပါတယ်။ “စစ်ခွေး(၅၀၀၀)လက်နက်ချပြီ။မအလ ခွေးလုံးလုံးဖြစ်သွားပီ”လို့ ရေးသားပြီး နိုဝင်ဘာ ၁၈ ရက်မှာ “Ly La” အမည်နဲ့ ဖေ့စ်ဘွတ် စာမျက်နှာကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ ဗွီဒီယိုအစမှာပြသတဲ့ ဓာတ်ပုံစာသားမှာလည်း “ (၁၈) ရက်နေ့ အထူးသတင်း ကရင်ပြည်နယ် တခုလုံးက စစ်ခွေးတွေ လက်နက်ချပြီ”လို့ ရေးသားထားတာပါ။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် စစ်အာဏာသိမ်းပြီးကတည်းက အာဏာဖိဆန်ရေးလှုပ်ရှားမှု(CDM)မှာ ပါဝင်လာတဲ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က စုစု ပေါင်းအရေအတွက်ဟာ ၂၀၂၁ ခုနှစ် နိုဝင်ဘာလအထိ စုစုပေါင်း ၈၀၀၀ ထက်မှာ ရှိခဲ့ပါတယ်။ သို့သော်လည်း ကရင်ပြည်နယ်တစ်ခုထဲက […]

Continue Reading

Fact Check: US စစ်သား ၅ သိန်း မြန်မာကို ပို့ဖို့ အမေရိကန်သမ္မတဆုံးဖြတ်ဆိုတဲ့ သတင်းခေါင်းစဉ်တု

မြန်မာကို စစ်သား ၅ သိန်းပို့ဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဆုံးဖြတ်လိုက်တယ်ဆိုတဲ့  ပို့စ်တစ်ခုဖေ့စ်ဘွတ် အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့ပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်ပါတယ်။ အောက်ပါ screenshot ကတော့ ပျံ့နှံ့ခဲ့တဲ့ ဗွီဒီယိုပို့စ်ပါ မြင်ကွင်းဖြစ်ပါတယ်။ “မြန်မာ့အရေး US သမ္မတကြီး ခေါင်းခဲပီ”လို့ ပို့စ်စားသားမှာရေသားပြီး ဗွီဒီယိုအဖွင့် thumbnail ဓာတ်ပုံထဲ မှာတော့ သမ္မတဂျိုးဘိုင်ဒန်ဓာတ်ပုံနဲ့အတူ “ (၁၆)ရက်နေ့ မြန်မာ့အရေး သမ္မတကြီး ခေါင်းခဲပီ US စစ်သား(5) သိန်း မြန်မာကိုပို့ဖို့ ဆုံးဖြတ်”လို့လည်းရေးသားထားပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် အမေရိကန်သမ္မတက US   စစ်သား ၅ သိန်းမြန်မာကို ပို့ဖို့ ဆုံးဖြတ်တယ်ဆိုတဲ့ သတင်းမျိုးကို […]

Continue Reading