Fact Check: ကျပ် ၁၀၀၀၀ တန်ဖျက်သိမ်းကြောင်း စစ်အစိုးရကြေညာတဲ့ သတင်းတု
ကျပ် ၁၀၀၀၀ တန်ဖျက်သိမ်းကြောင်း ဩဂုတ် ၁၈ ရက်မှာ စစ်အစိုးရကြေညာလိုက်ပြီလို့ဆိုထားတဲ့ သတင်းခေါင်း စဉ်တု ဗွီဒီယိုပို့စ်တခု ဩဂုတ် ၁၉ ရက်က ယူကျု့မှာ ဖြန့်ဝေထားရာမှာ ကြည့်ရှု့မှုများပြားလျက်ရှိတယ်။ အောက်ပါစခရင်ရှော့ကတော့ ယူကျူ့ဗွီဒီယိုကို ဖေ့စ်ဘွတ်မှာ ပြန်လည်မျှဝေနေတာကို ရယူထားခြင်းဖြစ်တယ်။ မူလယူကျူ့ ဗွီဒီယိုကို ဒီနေရာမှာကြည့်ပါ။ အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။ အခုဗွီဒီယိုအစမှာပြသတဲ့ ရုပ်ကတ်မှာ ဒီလိုရေးသားထားပေမဲ့ ဗွီဒီယိုထဲမှာလည်း ဒီလို ကျပ် ၁၀၀၀၀ တန် ဖျက်သိမ်းတဲ့ အကြောင်းအရာမပါဝင်ပါဘူး။ တကယ်တော့ ဗွီဒီယိုထဲမှာ ဖတ်ကြားနေတဲ့ အကြောင်းအရာဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနက ဩဂုတ် ၁၈ ရက်မှာ ဖော်ပြခဲ့တဲ့ “စစ်ကောင်စီက နိုင်ငံတစ်ဝန်း ဝန်ထမ်းလစာများတွင် နှစ်သောင်းတန် ငွေစက္ကူ များ […]
Continue Reading