Fact Check: ပင်စင်လစာတွေကို သိမ်းဆည်းပြီး စစ်အသုံးစရိတ်အဖြစ် ကြေညာ ခဲ့သလား-မဟုတ်ပါ

တနိုင်ငံလုံး ပင်စင်လစာ ဖြစ်တဲ့ ကျပ် ၆ ဘီလီယံကျော်ကို စစ်အသုံးစရိတ်အဖြစ် အသုံးပြုမယ်လို့ စစ်ကောင်စီ အစိုးရက ထုတ်ပြန် ကြေညာလိုက်တယ်ဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု ယူကျူ့ချန်နယ်တစ်ခုကမျှဝေထားရာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။  အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။” july 7, 2023 တနိုင်ငံလုံးပင်စင်လစာ နကစအစိုးရ သိမ်းပြီ” ၊“(၇)ရက်နေ့ ပင်စင်သမားတွေ ငတ်ကိန်းဆိုက်ပြီ တနိုင်ငံလုံး ပင်စင်လစာ (၆) ဘီလီယံကျော်ကို စစ်အသုံးစရိတ်အဖြစ် အသုံးပြုမယ်ဟု နကစ အစိုးရ ထုတ်ပြန်ကြေညာ လိုက်ပြီ” လို့ရေးသားပြီး “Share Local Media”အမည်နဲ့ ယူကျူ့ချန်နယ်ကနေဖြန့်ဝေထားတာဖြစ်ပါတယ်။ မူရင်းလင်ခ့် – Youtube link  | Archive link အချက်အလက်စိစစ်ချက် ၈မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုဖိုင်ကို စိစစ်ကြည့်ရာမှာ တနိုင်ငံလုံး […]

Continue Reading