Fact Check: ဒေါ်အောင်ဆန်းစုကြည်ကို စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေက လွှတ်ပေးလိုက်ပြီဆိုတဲ့ သတင်းတု

ဒေါ်အောင်ဆန်းစုကြည်ကို စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေက ပြန်လွှတ်ပေးလိုက်ပြီဆိုပြီးတော့ ဗွီဒီယို ယူကျူ့ချန်နယ်တခုက  ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်းနေ တာတွေ့ရပါတယ်။ သတင်းတုဖြန့်ချိနေခြင်း သာဖြစ်တယ်။ အောက်ပါစခရင်ရှော့ကတော့ ဒီလိုပြောဆိုဖြန့်ဝေထားပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ကိုလည်း ကြည့်ပါ။   “ဦးသန်းရွှေ က ဒေါ်စုကို လွတ်ငြိမ်းပေးပြီ ဘယ်သူအရှိန်အဝါကြီးလဲ အကဲစမ်းနေကြပြီ တရားသူကြီးချုပ်ကို တိုက်ရိုက်ညွန်ကြားပြီး အမိန့်ပေး မင်းအောင်လှိုင်က ပေါက်ကွဲပြီး နေပြည်တော်ကို ပစ်မိန့်ချ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Mandalay Khithit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေကို ကူးယူပြီး သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိတာတွေလုပ်တဲ့နေရာတခု ဖြစ်တာတွေ့ရတယ်။ ဦးသန်းရွှေက ဒေါ်အောင်ဆန်းစုကြည်ကို လွတ်ငြိမ်းခွင့်ပေးတဲ့ သတင်းကို ယုံကြည်ရလောက်တဲ့ […]

Continue Reading