Fact Check: စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ သေဆုံးတဲ့ သတင်းတု 

ယခုရက်ပိုင်းမှာ စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ သေဆုံးသွားပြီလို့ ဆိုထား ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။  အောက်ပါစခရင်ရှော့ကတော့ ဗိုလ်ချုပ်ဟောင်း သန်းရွှေ သေဆုံးမှု လက်ရှိစစ်ခေါင်းဆောင်က ကြေညာ လိုက်တယ်လို့ဆိုထားတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ အလားတူတဲ့ နောက်ထပ်ဖြန့်ဝေမှုကို ဒီနေရာမှာလည်းတွေ့ရတယ်။  စာသားကောက်နုတ်ချက်ကိုလည်း ကြည့်ပါ။ “ဗိုလ်ချုပ်ဟောင်း သန်းရွှေ သေဆုံးမှု မင်းအောင်လှိုင် ကြေငြာလို့ လန့်ကုန်ပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ လုပ်ကြံရေးသားဖြန့်ဝေမှုတွေ ဒါမှမဟုတ် သတင်းတွေကို ခေါင်းစဉ်တုတပ်ဗွီဒီယိုတွေ ဖြန့်ချိတဲ့ နေရာဖြစ်တာတွေ့ရပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး  Fact Crescendo Myanmar အနေနဲ့ မကြာခဏ အချက်အလက်စိစစ်ဖော်ပြခဲ့ပြီးဖြစ်တယ်။ […]

Continue Reading