Fact Check: ရန်ကုန်က ဈေးဝယ်စင်တာတစ်ခုမှာ ဂျပန်ထုတ်နာရီဝယ်ဖို့ တန်းစီစောင့် ဆိုင်းရင်း လူတွေမူးလဲကျတာလား -မဟုတ်ပါ
ဂျပန်နာရီဝယ်ဖို့ ရန်ကုန်က ဈေးဝယ်စင်တာတစ်ခုမှာ တန်းစီစောင့်ဆိုင်းနေရင်း အချို့ဆိုမူးလဲကျခဲ့ကြတဲ့ အထိဖြစ်ခဲ့တယ်လို့ဆိုပြီး ဓာတ်ပုံအချို့နှင့်အတူ နာရီအရောင်းကြော်ငြာပို့စ်တစ်ခု ဖေ့စ်ဘွတ် အသုံးပြု သူတွေအကြားဖြန့်ဝေနေတာတွေ့ရပါတယ်။ တကယ်တော့ ဓာတ်ပုံဟာ ဗီယက်နမ်နိုင်ငံမှာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းက အကြောင်းအရာ အသီးသီးနဲ့ မျှဝေထားတဲ့ ဓာတ်ပုံတွေကို နားလည်မှုလွဲစေအောင် ဖြန့်ချိမှုဖြစ်ပါတယ်။ အောက်ပါစာသားနဲ့ စရင်ရှော့ဓာတ်ပုံကတော့ ဧပြီ ၁၁ ရက်ကဖေ့စ်ဘွတ်မှာဖြန့်ဝေထားတဲ့ ပို့စ်တစ်ခုက ဖြစ်ပါတယ်။ “ဂျပန်နာရီဝယ်ရန် တန်းစီစောင့်ဆိုင်းနေသောကြောင့် ရန်ကုန်မြို့ရှိ Mall တွင် ဒါဇင်နှင့်ချီသောလူများ 43,633 MMK / 1 လုံး 😵( ပေါင်းစည်းဝယ်ယူသည့်အခါ 2 အခမဲ့ 1 : 130,900 MMK ) မနေ့က ဂျပန်နိုင်ငံရဲ့ မျိုးဆက်သစ် 2023 စမတ်နာရီကို 1 […]
Continue Reading