Fact Check: အံမခန်းနည်းပညာတွေနဲ့ Tesla Pi ဖုန်းကို အမေရိကန်သူဌေးကြီး အီလွန်မက်က ရောင်းချတော့မှာလား-မဟုတ်ပါ
နည်းပညာလောကမှာ ထိပ်တန်းတီထွင်မှုတွေနဲ့ ချမ်းသာလာတဲ့ အမေရိကန်သူဌေးကြီး အီလွန် မက်(Elon Musk)ကအံမခန်းနည်းပညာတွေနဲ့ Tesla Pi ဖုန်းကို ရောင်းချတော့မှာမယ်ဆိုတဲ့ ပို့စ်တွေ ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ အီမွန်မက်ဟာ လွန်ခဲ့တဲ့ သီတင်းပတ်မှာပဲ ကောင်းကင်ကို ပျံတက်သွားပြီးနောက် ကမ္ဘာမြေကို ပြန်လည်ဆင်းသက်လာတဲ့ အာကာယာဉ်တွန်း ဒုံးပျံကို အပျက်အစီးမရှိဘဲ မူလ ဒုံးလွှတ်စင်မှာပဲ ပြန်လည်ဖမ်းယူနိုင်တဲ့ တီတွင်စမ်းသပ်မှုဟာ အောင်မြင်ခဲ့ပြီး အာကာသနည်းပညာလောကမှာ ကြီးမားတဲ့ အောင်မြင်မှုသမိုင်းမှတ်တိုင်ကို စိုက်ထူနိုင်ခဲ့ပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း တွေ့ရပါတယ်။ “သူဌေးကြီး အီလွန်မက်စ်ကတော့ ရှယ်တွေ လုပ်ပြပါဦးမယ်၊ အားသွင်းစရာမလို၊ အင်တာနက် မလိုတဲ့ ပိုင်ဖုန်း ထုတ်ပါဦးမယ်တဲ့၊ အင်တာနက် မရှိလို့၊ ဝိုင်ဖိုင်မရလို့ ဖုန်းမသုံးနိုင်လို့ […]
Continue Reading