Fact Check: ဖုန်းအသုံးပြုသူတွေ သိထားသင့်တဲ့ အသုံးဝင်တဲ့ လျှို့ဝှက်ချက်တွေလား- မဟုတ်ပါ

ဖုန်းအသုံးပြုသူတွေ သိထားသင့်တဲ့ အသုံးဝင်တဲ့ လျှို့ဝှက်ချက်တွေဆိုပြီး  ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ နားလည်မှုလွဲမှာစေနိုင်တဲ့ ပြောဆိုမျှဝေမှုတွေသာဖြစ်တယ်။ ရှည်လျားတဲ့ ပို့စ်တွေမှာ အဓိကအားဖြင့် အရေးပေါ်ဖြစ်ရင် ခေါ်ဆိုနိုင်တဲ့ဖုန်းနံပါတ်၊ အင်တာနက်အသုံးပြုမှု ပိုမိုကောင်းမွန်စေမယ့်နည်းလမ်း၊ အားကုန်နေတဲ့ ဘက်ထရီ ပြန်လည်အားပေးစေတာ၊ ပျောက်သွားတဲ့ ဖုန်းကို ပြန်ရှာနိုင်ဖို့အတွက် စတာတွေကို ဖုန်းရဲ့ ကီးဘုတ်ပေါ်မှာပါတဲ့ ဂဏန်းနဲ့ အထူးသင်္ကေတလေးတွေကို အသုံးပြုပြီး ပြုလုပ်နိုင်တယ်စသည်ဖြင့် အချက်အလက်များစွာ ဖော်ပြထားတယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ “Mobile ဖုန်းကို ကျွမ်းကျင်စွာ အသုံးပြံတက်စေဖို့ (လိုတဲ့အချိန်သုံးရအောင် ဖတ်ပီးရှဲထားနော်) *#0011# ဒါလေးကို ရိုက်ထည့်လိုက် ပြီးရင် ဖုန်းကို wifi […]

Continue Reading

Fact Check: အံမခန်းနည်းပညာတွေနဲ့ Tesla Pi ဖုန်းကို အမေရိကန်သူဌေးကြီး အီလွန်မက်က ရောင်းချတော့မှာလား-မဟုတ်ပါ

နည်းပညာလောကမှာ ထိပ်တန်းတီထွင်မှုတွေနဲ့ ချမ်းသာလာတဲ့ အမေရိကန်သူဌေးကြီး အီလွန် မက်(Elon Musk)ကအံမခန်းနည်းပညာတွေနဲ့ Tesla Pi ဖုန်းကို ရောင်းချတော့မှာမယ်ဆိုတဲ့ ပို့စ်တွေ ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ အီမွန်မက်ဟာ လွန်ခဲ့တဲ့ သီတင်းပတ်မှာပဲ ကောင်းကင်ကို ပျံတက်သွားပြီးနောက် ကမ္ဘာမြေကို ပြန်လည်ဆင်းသက်လာတဲ့ အာကာယာဉ်တွန်း ဒုံးပျံကို အပျက်အစီးမရှိဘဲ မူလ ဒုံးလွှတ်စင်မှာပဲ ပြန်လည်ဖမ်းယူနိုင်တဲ့ တီတွင်စမ်းသပ်မှုဟာ အောင်မြင်ခဲ့ပြီး အာကာသနည်းပညာ‌လောကမှာ ကြီးမားတဲ့ အောင်မြင်မှုသမိုင်းမှတ်တိုင်ကို စိုက်ထူနိုင်ခဲ့ပါတယ်။  အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း တွေ့ရပါတယ်။ “သူဌေးကြီး အီလွန်မက်စ်ကတော့ ရှယ်တွေ လုပ်ပြပါဦးမယ်၊ အားသွင်းစရာမလို၊ အင်တာနက် မလိုတဲ့ ပိုင်ဖုန်း ထုတ်ပါဦးမယ်တဲ့၊ အင်တာနက် မရှိလို့၊ ဝိုင်ဖိုင်မရလို့ ဖုန်းမသုံးနိုင်လို့ […]

Continue Reading

Fact Check: ပ‌ဟေဠိဖြေနိုင်သူတွေကို Oppo ကုမ္ပဏီက နောက်ဆုံးထွက် ဖုန်းတွေ ပေးမယ်ဆိုတဲ့ သတင်းမှား 

ပ‌ဟေဠိဖြေဆိုနိုင်သူတွေကို Oppo ကုမ္ပဏီက Oppo အမှတ်တံဆိပ် ဖုန်းတွေပေးမယ်လို့ ဆိုလိုထားတဲ့ ပို့စ်တွေ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့နေတာဟာ သတင်းမှားသာဖြစ်တာတွေ့ရတယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်စခရင်ရှော့နဲ့ ပို့စ်ပါစာသားကောက်နုတ်ကို အောက်မှာ ကြည့်ပါ။  တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရတယ်။ “Oppo ဖုန်းနောက်ဆုံးထွက်ဗားရှင်းကို ရယူရန် (98) မှလွဲ၍ အခြားနံပါတ်များကို ရှာဖွေပါ။ မှတ်ချက်- ယခုဖြေဆိုရန် ကိုယ်စားလှယ်လောင်း ၁၇၀ သာ ကျန်ရှိတော့သည်” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် စမတ်ဖုန်း ထုတ်လုပ်ဖြန့်ချိနေတဲ့ Oppo ရဲ့ တရားဝင်ဖေ့စ်ဘွတ်စာမျက်နှာမှာ ဒီလို ကြော်ငြာထားတာမရှိပါဘူး။ အခုလ ပ‌ဟေဠိဖြေဆိုနိုင်သူတွေကို Oppo ကုမ္ပဏီက Oppo အမှတ်တံဆိပ် ဖုန်းတွေပေးမယ်လို့ ဆိုလိုထားတဲ့ […]

Continue Reading