Fact Check : တိုက်လေယာဉ် အစင်း ၂၀ ဖောက်ခွဲခံရပြီး ဒု-စစ်ခေါင်းဆောင် စိုးဝင်းလည်း သေဆုံးတဲ့ သတင်းတု
နေပြည်တော်မှာ တိုက်လေယာဉ် အစင်း ၂၀ ဖောက်ခွဲခံရပြီး ဒုတိယ စစ်ခေါင်းဆောင် စိုးဝင်းလည်း တိုက်ခိုက်ခံရပြီး သေဆုံးလို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတု ဗွီဒီယိုသာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှုပေါင်း ၁ ဒဿမ ၂ သိန်းကျော်ရရှိထားတယ်။ “နေပြည်တော်မှာ အခြေအနေ ထိန်းလို့ မရတော့ဘူး လေယာဉ် အစီး (၂၀) ဖောက်ခွဲ ခံရပြီး ဒုတပ်ချုပ်စိုးဝင်း အသတ်ခံရလို့ လန့်ကုန်ပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “The Daily Lens”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ လုပ်ကြံရေးသား ပြောဆိုချက်တွေနဲ့ သတင်းမီဒီယာတချို့မှာ ဖော်ပြခဲ့တဲ့ […]
Continue Reading
