Fact Check: ၆ လသက်တမ်းမတိုးတော့ဘဲ ရာသက်ပန် အနားယူတော့မယ်လို့ စစ်ခေါင်းဆောင် ကြေညာတဲ့ သတင်းတု
ဇန်နဝါရီ ၃၁ ရက်မှာ အနားယူတော့မယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကြေညာလိုက်တယ်ဆိုတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိတယ်။ သတင်းတု သတင်းမှား ဖြန့်ချိမှုသာဖြစ်တယ်။ လာမယ့် ဇန်ဝါရီ ၃၁ ရက်မှာ ၆ သက်တမ်းကုန်ပြီး အနားယူတော့မယ်လို့ ကြေညာတာကြောင့် တကမ္ဘာလုံးက ကခုန်နေကြပြီလို့လည်း ဒီဗွီဒီယိုထဲမှာ ဆိုထားပါတယ်။ အောက်ပါစခရင်ရှော့နဲ့ စာသားကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ ဗွီဒီယိုက ရယူထားခြင်းဖြစ်တယ်။ ဖြန့်ဝေအပြီး ၄ နာရီအတွင်း ဒီဗွီဒီယိုကို ကြည့်ရှူ့မှုပေါင်း ၃၀၀၀၀ ကျော်ရှိတယ်။ “လာမယ့် ၃၁ ရက်နေ့ ၆ လတိုးသက်တမ်းကုန်ပြီဖြစ်လို့ ပလ္လင်ပေါ်က ဆင်းတော့မယ်တဲ့ ရာသက်ပန် အနားယူတော့မည်ဟု မအလ ကြေညာ တကမ္ဘာလုံး ကခုန်နေကြကုန်ပြီ” မူရင်းလင်ခ့် – […]
Continue Reading