Fact Check: လက်ဆောင်ပေးမယ်ဆိုပြီး City Mart တံဆိပ်နဲ့ လိမ်လည်လှည့်စားဖို့ လုပ်ဆောင်ထားတဲ့ စာမျက်နှာ

City Mart ၂၆ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ဇူလိုင် ၃ ရက်နေ့ မတိုင်မီဒီပို့စ်ကို မျှဝေတဲ့လူတိုင်းကို အထူးလက်ဆောင်အိတ်တစ်ခုပို့ပေးမယ်ဆိုတဲ့ ဖေ့စ်ဘွတ်ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့လျက်ရှိပါတယ်။ City Mart ရဲ့အမှတ်တံဆိပ်တွေကို အသုံးပြုလျှက်လုပ်ဆောင်ထားတဲ့ အတုအယောင်စာမျက်နှာတစ်ခုဖြစ်ပြီး City Mart ရဲ့ တရားဝင်စာမျက်နှာကလည်း ၎င်းတို့နဲ့မဆက်ဆိုင်ကြောင်းကြေညာထားပါတယ်။ အောက်ပါ screenshot ကတော့ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့လျှက်ရှိတဲ့ ပို့စ်တစ်ခုဖြစ်ပါတယ်။ “*@City mart ၏ 26 နှစ်ပြည့် အထိမ်းအမှတ်အနေဖြင့် ဇူလိုင်လ 3 ရက်နေ့ မတိုင်မီ မျှဝေပြီး “ပြီးပါပြီ” ဟုရိုက်ထည့်သူတိုင်းအတွက် အထူးလက်ဆောင်အိတ်တစ်ခု ပေးပို့လိုက်ပါသည်။*”စသည်ဖြင့် ရေးသားပြီး “City Mart Fans”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက လက်ဆောင်ခြင်းတွေ၊ဈေးဝယ်နေတဲ့ ဓာတ်ပုံတွေနဲ့အတူ မျှဝေထားရာမှာ တစ်ရက်အတွင်း ဒီပို့စ်ကိုပြန်လည်မျှဝေမှုပေါင်း ၁ […]

Continue Reading