Fact Check: သရုပ်ဆောင် ဆင်မ သေဆုံးလို့ သတင်းမှားဖြန့်ချိ

ကွယ်လွန်သွားတဲ့ သရုပ်ဆောင်ဆင်မ အလောင်းထုတ်ပုံလို့ ရေးသားမျှဝေထားတဲ့ပို့စ်တစ်ခုကို ဖေ့စ်ဘွတ် အသုံးပြုသူ ရာဂဏန်းက ပြန်လည်မျှဝေလျှက်ရှိပါတယ်။  ပျံ့နှံ့ခဲ့တဲ့ပို့စ်တွေမှာ သရုပ်ဆောင် ဆင်မဓာတ်ပုံနဲ့အတူ လူနာတင်ယာဉ်ပုံကို ယှဉ်တွဲဖော်ပြလျှက် ” ဉီးဆင်မ ကောင်းရာရောက်ပါစေဗျာ”၊”ဉီးဆင်မ အလောင်းထုတ်”စသည်ဖြင့်ရေးသားမျှဝေထားတာဖြစ်ပါတယ်။ ဇာတ်ပို့သရုပ်ဆောင် တယောက်ဖြစ်တဲ့ ဆင်မကို စစ်တပ်တွေက  ဩဂုတ် ၂၄ ရက်က သူ့ရဲ့နေအိမ်မှာ လာရောက်ဖမ်းဆီးသွားပါတယ်။ သို့သော် သရုပ်ဆောင်ဆင်မ သေဆုံးတဲ့သတင်းဟာ အထောက်အထားကင်းမဲ့ သလို အလောင်းထုတ် ဓာတ်ပုံအဖြစ် မျှဝေထားတဲ့ ပုံတွေဟာလည်း ဇူလိုင်လကတည်းက အင်တာနက်မှာ ပျံ့နှံ့လျက်ရှိတာ တွေ့ရပါတယ်။ “topnewsnow24” ဝက်ဘ်ဆိုဒ်စာမျက်နှာ အောက်တိုဘာ ၆ ရက်က အောက်ပါအတိုင်းရေးသားမျှဝေထားရာမှာ  ဒီပို့စ်ကို ပြန်လည်မျှဝေတဲ့ အကြိမ်အရေအတွက် ၁၀၄ ကြိမ်ရှိပါတယ်။ တူညီစွာရေးသားမျှဝေထားတာတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် […]

Continue Reading