Fact Check: ကြက်ပေါင်းက ဆီးချိုရောဂါပျောက်ကင်းစေနိုင်လား-မဟုတ်ပါ
သံပုရာသီးနဲ့ ကြက်သားကို ပေါင်းစားရင် ဆီးချိုရောဂါကိုပျောက်ကင်းစေနိုင်တယ်လို့ဆိုထားတဲ့ ပို့စ်တွေ ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားမှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှား တခုဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ မျှဝေမှုကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။ “နှစ်ပေါင်း ၂၅ နှစ်လောက် ဆီးချို ရောဂါ ခံစားနေရတဲ့သူက ဒီနည်းနဲ့ပျောက်ကင်းသ.က်သာရာရ ဖတ်ချိန်တမိနစ် ++++++++++ လူတယောက်ဟာ တနေ့မှာနေမကောင်းဖြစ်သတဲ့ သူဟာ အာတွေခြောက်ပြီး အမြဲရေဆာ ထမင်းလည်း အမြဲဆာနေသလို တုန်နေသတဲ့ ချွေးစေးတွေပြန် ဆီးကခဏခဏသွားတာနဲ့ဆရာဝန်ပြ စစ်ဆေ:ကြည့်တော့ ဆီးချိုရောဂါ ဖြစ်နေပါသတဲ့ ဒီလို နဲ့ ဆေ:စားလာတာ ၂ နှစ်လောက် ကြာပါတယ် အသက် ၅၇ မှာ မလေးရှားက သူ့မောင်နှမတွေဆီလာလည်တော့ […]
Continue Reading
