Fact Check: တရားရုံးကအမိန့်ချအပြီး ဒေါ်အောင်ဆန်းစုကြည် မူးဝေသွားပုံလား- မဟုတ်ပါ
ပုစွန်ဆီရောင်အင်္ကျီဝတ်ဆင်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ခုံတန်းတစ်ခုနောက်မှာ ခေါင်းငုံထားတဲ့ ဓာတ်ပုံကို တရားခွင်မှာ မူးဝေအားပြတ်သွားတဲ့ ဓာတ်ပုံအဖြစ် ဖေ့စ်ဘွတ်အသုံးပြုသူ ရာဂဏန်းက ပြန်မျှဝေလျက် ရှိပါတယ်။ သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို ဒီဇင်ဘာ ၆ ရက်က နေပြည်တော်အထူးတရားရုံးက ထောင်ဒဏ် ၄ နှစ်ချမှတ်အပြီးမှာ အခုလိုပျံ့နှံ့လာတာဖြစ်ပါတယ်။ သို့သော်ဓာတ်ပုံကို ၂၀၁၂ ခုနှစ် ဇွန်ကတည်းက အင်တာနက်မှာပျံ့နှံ့လျက်ရှိတာတွေ့ရပြီး ပြည်နိုင်ငံခရီးစဉ် တစ်ခုမှာ နေမကောင်းဖြစ်တဲ့ ဓာတ်ပုံဖြစ်တာတွေ့ရပါတယ်။ “မတရားတဲ့ တရားခွင်မှာ အမေ အားပြတ်၊မူးဝေနေလို့ ခုံပေါ်မှောက်လိုက်တဲ့ဓါတ်ပုံ ကမ္ဘာအနှံ့ပြန့်ခဲ့သလို မြင်ရသူအပေါင်း ကြေကွဲ ဝမ်းနည်းခဲ့ကြပါတယ်။ အခု တရုတ်ပန်ချီဆရာ ရေးဆွဲ ဂုဏ်ပြု့လိုက်တာ။ ပန်းချီကား နာမည် (ဦးဆွေးဆံမြေ့) #crd”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါ အတိုင်း မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း […]
Continue Reading