Fact Check: NUG နဲ့ စစ်ကောင်စီ ဆွေးနွေးမှုအပြီး အချက် ၆ ချက်သဘောတူဆိုတဲ့ သတင်းတု 

NUG နဲ့ စစ်ကောင်စီတို့ အကြိတ်အနယ်ဆွေးနွေးပြီးနောက် အချက် ၆ ချက်သဘောတူညီချက်ရပြီလို့ ဆိုတဲ့ ဗွီဒီယိုကို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။  မေ ၂၃ ရက်မှာ စတင်ဖြန့်ဝေခဲ့ပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ “အချက် ၆ ချက်သဘောတူ လိုက်ပြပြီ NUGနဲ့ စစ်ကောင်စီတို့ အကြိတ်အနယ်ဆွေးနွေးပြီး ပြည်သူတွေ ဝမ်းသာလို့ရပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Mandalay khitthit” ယူကျူ့ချန်နယ်နဲ့ ပတ်သက်ပြီး  Fact Crescendo Myanmar အနေနဲ့ မကြာခဏ အချက်အလက်စိစစ်ဖော်ပြခဲ့ပြီးဖြစ်တယ်။ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။ ဒီယူကျူ့ချန်နယ်ဟာ မီဒီယာတချို့မှာဖော်ပြခဲ့တဲ့ […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာပြီ၊ ဆွေးနွေးဖို့လုပ်နေပြီဆိုတဲ့ သတင်းတု

ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာပြီ၊ ဆွေးနွေးဖို့လုပ်နေပြီဆိုတဲ့ ဗွီဒီယိုပို့စ်တွေ ယူကျူ့ အသုံးပြုတွေအကြား ပျံ့နှံ့မှုအားကောင်းရှိပြီး သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ အလားတူ တဲ့ ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ “အမေစုကို ပွဲထုတ်လာပြီ  စစ်ရှုံးနေတဲ့ စစ်ကောင်စီ ဒေါ်စုနဲ့ ဆွေးနွေးဖို့ စီစဉ်နေ ၊ မအလ ဂျပု အရှုံးပေးနေပြီ”(မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက် မတွေ့ရပါဘူး။ အခုလိုဖြန့်ဝေထားတဲ့ ယူကျူ့ချန်နယ်တွေကို လေ့လာကြည့်မယ်ဆိုရင် သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည် ကူးပြီး လိုအပ်သလို ခေါင်းစဉ်တုတပ်ရေးသားကာ ပြန်လည်ဖြန့်ဝေနေတာတွေ့ရတယ်။ အခုလည်း ဗွီဒီယိုထဲမှာပါတဲ့အကြောင်းအရာဟာ မဇ္ဈမိသတင်းဌာနက မေ ၃၀ ရက်က […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံဆွေး နွေးမှုသတင်းတု

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ တွေ့ဆုံပြီး ဆွေးနွေးမှုလုပ်နေတယ်ဆိုတဲ့ သတင်းတု ပို့စ်တစ်ခု ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ အောက်ပါစခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ ဗွီဒီယိုရဲ့ စာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ တွေ့ဆုံမှု ဓာတ်ပုံနဲ့အတူ  ၁၃ ရက်နေ့မှာ  ဆွေနွေးမှု စတင်ပြီလို့ ရေးသားထားသလို တပ်မတော်ကို နိုင်ငံရေးစွန့်ဖို့ ဒေါ်စုတည့်ပြောလို့လည်း ရေးသားထားပါတယ်။ ဒီဗွီဒီယိုကို ကြည့်ရှု့မှု နှစ်သောင်းဝန်းကျင်ရှိပါတယ်။ အလားတူရေးသားမျှဝေမှုကို ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ ပြည်တွင်း မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။ အခု ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ တွေ့ဆုံဆွေးနွေးတယ်လို့ဆိုထားတဲ့ ဒီ‌ဗွီဒီယိုထဲ မှာလည်း သူတို့ ၂ ယောက်တွေ့ဆုံဆွေးနွေးမှုအကြောင်းမပါပါဘူး။ တကယ်တမ်းမှာ […]

Continue Reading