Fact Check: သင်္ဃန်းကျွန်းမှာ အစာရေစာပြတ်လပ်သူတွေအဖြစ်ဖော်ပြနေတဲ့ ဓာတ်ပုံအမှား
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်း ရန်မျိုးအောင်စေတီအနီးမှာရှိတဲ့ ရန်မျိုးအောင်ဘုန်း တော်ကြီးကျောင်းရှေ့မှာ အစာရေစာပြန်လပ်နေတဲ့ ပြည်သူတွေအစားအစာတောင်းနေတယ် ဆိုတဲ့ပုံတွေကို ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်ပေါ်မှာ မျှဝေနေတာတွေ့ရပါတယ်။ အဲ့ဒီပို့စ်မှာ “ရန်ကုန်တိုင်း၊သင်္ကန်းကျွန်းမြို့နယ်အတွင်းမှ အစာရေစာပြတ်လပ်နေသောပြည်သူများ ရန်မျိုးအောင် ဘုန်းတော်ကြီးကျောင်းရှေ့တွင် အစားအစာများရရှိရေးအတွက်ကြိုးစားနေကြစဉ်။”လို့ အညွှန်းတပ်ထားပြီး လူတချို့ ပန်းကန်တွေနဲ့ တန်းစီနေပုံတွေနဲ့ ဘုန်တော်ကြီးတချို့က ဟင်းတွေခတ်ထည့် ပေးနေတဲ့ ပုံတွေကို ပြန်လည်ကူးယူမျှဝေနေတာဖြစ်ပါတယ်။ ဒီနေရာ ဒီနေရာနဲ့ ဒီနေရာတွေမှာပြန်လည်မျှဝေနေတာတွေ့ရပါတယ်။ မူရင်းလင့်ခ် – FB Link | Archive Link အချက်အလက်စိစစ်ချက် ဒီလိုရေးသားထားသလိုမျိုး ဟုတ်၊ မဟုတ်ကို တိုက်ဆိုင်စစ်ဆေးမယ်ကြည့်မယ်ဆိုရင် ဒီပို့စ်မှာပါဝင်တဲ့ ဘုန်းတော်ကြီးနှစ်ပါးက ဟင်းနဲ့ ထမင်းတွေခတ်ထည့်ပေးနေပြီး လူတွေတန်းစီစောင့်နေတဲ့ နောက်ဆုံးသုံးပုံဟာလည်း လွန်ခဲ့တဲ့သုံးလကျော်လောက်ကတည်းက ဖေ့စ်ဘွခ်လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့ခဲ့ပြီး ဖြစ်သလို ဒီပုံတွေကိုပဲ အစိုးရက အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော် ပြန်လည်ရုပ်သိမ်းခဲ့ရတဲ့ ဆရာတော် […]
Continue Reading