Fact Check: အမေရိကန်သမ္မတ ထရမ့်က ကေအန်ယူကို ဂုဏ်ပြုစကား‌ပြောတယ်ဆိုတဲ့ သတင်းတု

အမေရိကန်သမ္မတ ထရမ့်က ကေအန်ယူ(KNU)ကို ဂုဏ်ပြုစကား‌ပြောတယ်ဆိုတဲ့ ဗွီဒီယိုတခု ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ ဉာဏ်ရည်တု(AI)နည်းပညာအသုံးပြုပြီး စိတ်ကူးယဉ်ဖန်တီးထားတဲ့ ဗွီဒီယို တခုဖြစ်တာတွေ့ရတယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ ရေးသား ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရတယ်။ “KNU တပ်မဟာ 6/7 နယ်စပ် တလျှောက်မှာ ရှိတဲ့ နယ်ချဲ့စကစ စခန်းတချို့ကို တိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက်ပိုင်းမှာ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က KNU ကို ကျေးဇူးတင်စကား/ ချီးကျူးစကားများနှင့် ဂုဏ်ပြုစကားများကို ပြောပါတယ် တဆက်တည်းမှာပဲ ကရင်ခွဲထွက်အဖွဲ့(DKBAငဘိ/DKBAစတီးလ်/KTLAဓားမြ/KPCထော့လေး/BGF-KNAချစ်သူ)တွေကို KNU နဲ့ အမြန်ဆုံးပြန်ပေါင်းဖို့ တပါတည်းပြောသွားခဲ့ပါတယ်” Original link | Archive link အချက်အလက်စိစစ်ချက် အမေရိကန် သမ္မတ ထရမ့်က နယ်စပ်စခန်းတွေ […]

Continue Reading

Fact Check: ကချင်ပြည်နယ် ဆော့လော်မြို့နယ်မှာတွေ့ရတဲ့ မျောက်မျက်နှာသဏ္ဌာန်နဲ့ ပန်းပွင့်လား-မဟုတ်ပါ

ကချင်ပြည်နယ် ဆော့လော်မြို့နယ် အထက်ပိုင်းရွာတွေမှာ တွေ့ရတဲ့ မျောက်မျက်နှာသဏ္ဌာန်နဲ့ အမည်မသိ တောပန်း တမျိုးလို့ဆိုပြီး ဓာတ်ပုံတပုံ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ အောက်ပါစာသားနဲ့စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။ “ကချင်ပြည်နယ် ဆော့လော်မြို့နယ် အထက်ပိုင်းရွာတွေမှာ တွေ့ရတဲ့ အမည်မသိ တောပန်း တစ်မျိုးဖြစ်ပါတယ်။ မျောက်မျက်နှာနဲ့ဆင်တော့ မျောက်ခေါင်းပန်း မျောက်မျက်နှာပန်း သူရဲပန်း လို့အမည်တတ်ရကောင်းမလား။ ကဲ မိတ်ဆွေတို့ ပန်းအမည်ဘယ်လိုပေးကြမလဲ? တစ်ခါမှမမြင်ဘူးလို့ကူးယူတင်ပေးလိုက်တာပါ။ ထူးဆန်းနေသလားလို့ပါ။” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ဓာတ်ပုံကို Google မှာ ပုံရှာနည်းအသုံးပြု ရှာဖွေရာမှာ ဉာဏ်တုနည်းပညာ(Artificial Intelligence)အသုံးပြုပြီး ဖန်တီးထားတဲ့ ဓာတ်ပုံတခုဖြစ်တာတွေ့ရပါတယ်။ “Sarah Clise”အမည်နဲ့ […]

Continue Reading