Fact Check: ၂၀၁၉ ခုနှစ်က အမေရိကန်မရိန်တပ်ဖွဲ့က ကုန်တင်ယာဉ်မီးလောင်မှုကို တန့်ဆည်မှာ စစ်ကားမိုင်းထိပုံအဖြစ်မျှဝေ

စစ်တပ်က စစ်ကားမိုင်းထိတဲ့ ဓာတ်ပုံအဖြစ် ယာဉ်တစ်စီးမီးလောင်နေတဲ့ပုံကို ဖေ့စ်ဘွတ်အသုံးပြုသူ အများ အပြားက ကြိမ်ဖန်များစွာပြန်လည်မျှဝေလျှက်ရှိပါတယ်။   သို့သော်လည်း ဓာတ်ပုံဟာ ၂၀၁၉ ခုနှစ်ကတည်းကအင်တာနက်မှာပျံ့နှံ့လျက်ရှိတဲ့ ဓာတ်ပုံဖြစ်ပြီး အမေရိကန် နိုင်ငံက စစ်ယာဉ်တစ်စီးမီးလောင်မှုဓာတ်ပုံဖြစ်ပါတယ်။ တန့်ဆည်မြို့နယ်မှာ စစ်ကားမိုင်းခွဲခံရတဲ့ ဓာတ်ပုံအဖြစ် “Yu Yu Hlaing”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက စက်တင်ဘာ ၃ ရက်က မျှဝေထားရာ ဒီဓာတ်ပုံကို မျှဝေထားရာမှာ ပြန်လည်မျှဝေတဲ့အကြိမ်အရေအတွက် ၁ ထောင် ၂ ရာရှိပါတယ်။ ပို့စ်မှာ “အကျကျကျတော့ ဇော်မဲလုံးမြင်အောင်ပြရမယ် တန်ဆည်နယ်က တွယ်လိုက်တဲ့ စခကား ။”လို့ရေးသားထားပါတယ်။ဒီဓာတ်ပုံပါဝင်ပြီး တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link ထို့အပြင် အောက်တိုဘာလထဲမှာ မုံရွာမှာ စစ်ကားမိုင်းထိတဲ့ […]

Continue Reading