Fact Check: တန်ဆောင်တိုင်ပွဲ ဗုံးအလုံး ၃၀ ပေါက်ကွဲပြီး ပွဲပျက်ဆိုတဲ့ သတင်းတု

အထင်ကရပွဲတစ်ခုဖြစ်တဲ့ တန်ဆောင်တိုင်ပွဲကျင်းပတဲ့ နိုဝင်ဘာ ၇ ရက်နေ့မှာ ဗုံးအလုံး ၃၀ ပေါက်ကွဲပြီး ပွဲပျက်ကုန်တယ်လို့ဆိုတဲ့ ဗွီဒီယိုပိုစ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့ခဲ့ပါတယ်။   “Meas Davuth” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာအောက်ပါအတိုင်း ဗွီဒီယိုတစ်ခုကို မျှဝေထားပါတယ်။ ဗွီဒီယို thumbnail စာသားထဲမှာ “07/11/2022 မနက်ခင်းသတင်း တန်ဆောင်တိုင်ဗုံးအလုံး (၃၀) ပေါက်ကွဲ ပွဲပျက်ကုန်ပီဗျို့”လို့လည်းရေးသားထားပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ၉ မိနစ်ကျော် ရှည်တဲ့ ဒီဗွီဒီယိုပါ အသံဖိုင်ထဲက အကြောင်းအရာဟာ တန်ဆောင်တိုင်ပျော်ပွဲရွှင်ပွဲတွေအပေါ် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ (pdf )တွေဘာပြောသလဲဆိုတဲ့သတင်း၊ ပညာရေးမြို့တော်ဖော်ဆောင်နေသည့် KIO နယ်မြေ မိုင်ဂျာယာန်သို့ စစ်ကောင်စီလက်နက်ကြီးဖြင့် ပစ်ခတ်ဆိုတဲ့သတင်း၊ […]

Continue Reading

Fact Check: တောင်ကြီးတန်‌ဆောင်တိုင်ပွဲဗုံးပေါက်ကွဲ ပြည်သူ ၁၀၀ ကျော်သေဆုံး သတင်းတု

တောင်ကြီးတန်ဆောင်တိုင်ပွဲမှာ ဗုံးပေါက်ကွဲလို့ ပြည်သူ ၁၀၀ ကျော်သေဆုံးဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခုကို ဖေ့စ်ဘွတ်မှာ ဖြန့်ဝေနေတာတွေ့ရပါတယ်။ “ ‌တောင်ကြီးတန်ဆောင်တိုင်ပွဲ ဗုံးပေါက်လို့ သေကုန်ပြီ ပြည်သူ ၁၀၀ ကျော်ဆုံးဟု သတင်းထွက်” “တောင်ကြီး တန်ဆောင်တိုင်ပွဲ PDF တွေ ဝင်စီးလို့ ပွဲရှယ်ကြမ်းနေပြီ “လို့ ရေးသား ပြီး “ဖြစ်ရပ်မှန်သတင်းစုံ” အမည်နဲ့ ယူကျု့အကောင့်မှာ အောက်ပါအတိုင်း မျှဝေထားတာကို တွေ့ရပါတယ်။  မူရင်းလင်ခ့် – Youtube link |  Archive link   အလားတူ တူညီတဲ့ဖြန့်ဝေထားတဲ့ ပို့စ်ကိုလည်း ဒီနေရာ မှာလည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် တောင်ကြီးတန်ဆောင်တိုင်ပွဲ ဗုံးပေါက်လို့ ပြည်သူ ၁၀၀ ကျော်သေဆုံးလို့ ဒီဗွီဒီယိုစာသားမှာရေးသားထားပေမဲ့  ဗွီဒီယိုတစ်ခုလုံးမှာ ဒီအကြောင်းအရာနဲံ့ ပတ်သတ်တာ မပါဝင်ပါဘူး။  […]

Continue Reading