Fact Check: စစ်ခေါင်းဆောင်ရာထူးက နုတ်ထွက်တဲ့ သတင်းတု

စစ်ခေါင်းဆောင်ရာထူးက နုတ်ထွက်ပြီး တပ်ချုပ်အသစ်ကြေညာလိုက်တယ်ဆိုပြီး ဗွီဒီယို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။ သတင်းတု ဖြန့်ချိနေခြင်းသာဖြစ်ပြီး စစ်‌ခေါင်းဆောင် နုတ်ထွက်တာမရှိပါဘူး။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုကရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။   “မင်းအောင်လှိုင် ရာထူးက နုတ်ထွက် တပ်ချုပ်အသစ်ကြေညာပြီး ထွက်ပေါက်ရှာနေပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ ရန်ကုန်ခေတ်သစ်မီဒီယာကို တုပထားတဲ့ “Khit Thit Media”အမည်နဲ့ ယူကျူ့ချန်နယ် အကြောင်း Fact Crescendo Myanmar အနေနဲ့ မကြာခဏ အချက်အလက်စိစစ်ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။ အခုလည်း ဗွီဒီယိုထဲပါ အကြောင်းအရာဟာ မေ […]

Continue Reading

Fact Check: စစ်ခေါင်းဆောင် နုတ်ထွက်လို့ တနိုင်ငံလုံး အံဩကုန်ဆိုတဲ့ သတင်းတု

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နုတ်ထွက်လို့ တနိုင်ငံလုံး အံဩကာ စစ်တပ်အကြီးအကဲ အသစ်လည်း ခန့်အပ်တော့မယ်လို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ ဖေဖော်ဝါရီ ၂၈ ရက်မှာ စတင်ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှုပေါင်း ၁ သိန်းဝန်းကျင်ရရှိ ထားတယ်။ “မင်းအောင်လှိုင် နှုတ်ထွက် သတင်း တစ်နိုင်ငံလုံး အံ့ဩကုန်ပြီ တပ်ချုပ်အသစ် ခန့်အပ်တော့မည်” (မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် Naypudaw Khit Thit Radio အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းဌာနတွေက ဖော်ပြခဲ့တဲ့ သတင်းကို ပြန်လည်ကူးယူဖော်ပြပြီး သတင်း […]

Continue Reading