Fact Check: လှိုင်သာယာမှာ ၂ နှစ်သားအရွယ် က ေလးငယ်ကို စစ်တပ်ကရိုက်နှက်ပုံလား-မဟုတ်ပါ
ကလေးငယ်ဦးခေါင်းမှာ ပေါက်ကွဲဒဏ်ရာ၊ ခန္ဓာကိုယ်မှာ ဒဏ်ရာတွေနဲ့ ဓာတ်ပုံတွေနှင့်အတူ လှိုင်သာယာစက်မှု ဇုန်အနီးမှာ ၂ နှစ်သားကလေးငယ်တစ်ဦးကို စစ်သားနဲ့ ရဲများက ရိုက်နှက်ခဲ့တယ်လို့ ရေးသားမျှဝေထားတဲ့ပို့စ်ကို ဖေ့စ်ဘွတ် အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှ ဝေနေပါတယ်။ သို့သော်လည်း ဓာတ်ပုံတွေဟာ ၂၀၁၈ ခုနှစ်ကတည်း အင်တာနက်မှာပျံ့နှံ့ခဲ့ပြီးပုံတွေဖြစ်တာတွေ့ရပါတယ်။ “16.3.2021 ရက် အင်္ဂါနေ့ ညနေ ၄နာရီလောက်က လှိုင်သာယာ စက်မှုန့်ဇုန်အနီး ၂နှစ်သား ကလေးငယ်တစ်ဦး အိမ်ထဲတွင် ကစားနေရာ စစ်သားနဲ့ ရဲများက အိမ်တံခါးကို ချိုးဖျက်ပြီး ကလေးငယ်ကို ရိုက်နက်ခဲ့တယ်လို့ မိခင်ဖြစ်သူ မသန်းသန်းထွန်းကပြောပါတယ်။ အဆိုပါ ကလေးငယ်ရဲ့ ဦးခေါင်းတွင် စစ်သားနဲ့ ရဲများရဲ့ ရိုက်နက် မှုကြောင့် ပြင်းထန်သော ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့ပါတယ်။”လို့ “Yamin”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူ ကမျှဝေထားရာမှာ ဒီပို့စ်ကို […]
Continue Reading