Fact Check: တပ်မတော်နေ့အခမ်းအနား ဗုံးခွဲခံရလို့ မိန့်ခွန်းပြောရင်း တပ်ချုပ်ဆင်းပြေး တဲ့ သတင်းတု
မတ် ၂ ရက်က ပြုလုပ်တဲ့ တပ်မတော်နေ့အခမ်းအနား ဗုံးခွဲခံရလို့ မိန့်ခွန်းပြောရင်း တပ်ချုပ်ဆင်းပြေးရတယ်လို့ ဆိုထားတဲ့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့အကြားပျံ့နှံ့မှု့အားကောင်းခဲ့ပါတယ်။ ဒီဗွီဒီယိုရဲ့ အဖွင့်မှာပြသတဲ့ ရုပ်ကပ်မှာပဲ ဒီလို ဗုံးပေါက်ကွဲမှုကြောင့် လုံခြုံရေးစစ်ကြောင်းကနေ ၈ ဦးသေဆုံးခဲ့ တယ်လို့လည်း ဆိုပါတယ်။ အောက်ပါ စခရင်ရှော့ဓာတ်ပုံကတော့ ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ပို့စ်တစ်ခုပဲဖြစ်ပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် သတင်းမီဒီယာလုပ်ငန်းအဓိကလုပ်ကိုင်တဲ့ သတင်းဌာနတွေမှာဖော်ပြခဲ့တဲ့ တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား မတိုင်ခင် တရက်အလို ညပိုင်းမှာ တော်လှန်ရေးအဖွဲ့တစ်ခုက ရှော့တိုက်ဒုံးနဲ့ပစ်ခတ်မှုသတင်းကို ခေါင်းစဉ်တုနဲ့ ချဲ့ကားဖော်ပြထားခြင်းဖြစ်ပါတယ်။ မူလသတင်းဖော်ပြချက်ကို ဒီလင့်ခ်မှာကြည့်ပါ။ ဒီတိုက်ခိုက်မှုအကြောင်း နောက်ထပ်သတင်းဖော်ပြချက်ကို ဒီမှာလည်းတွေ့ရပါတယ်။ ဒီမူရင်းဖော်ပြချက်သတင်းတွေမှာ […]
Continue Reading