Fact Check: တပ်မ ၉၉ တပ်ရင်းလိုက် ကိုးကန့် MNDAA ထံအလင်းဝင်တဲ့ သတင်းတု

တပ်မ ၉၉ ကတပ်ရင်းလိုက် ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့-MNDAA ထံအလင်းဝင်သွားတယ်ဆိုတဲ့ ပို့စ်တစ်ခု အွန်လိုင်းမှာပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ တပ်မ ၉၉ က တပ်သားတယောက် အလင်းဝင်သွားတာကို နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တုနဲ့ ဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ “June 26, 2023 တပ်မ (၉၉) တပ်ရင်းလက်နက်ချအလင်းဝင်ကုန်ပြီဗျို့”လို့ ‌ရေးသားပြီး “Share Local Media”အမည်နဲ့ ယူကျူ့ချန်နယ်က မျှဝေထားတာ အောက်ပါအတိုင်းတွေ့ရပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာ မှာလည်း ရေးသားထားပါတယ်။ မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုပါအကြောင်းအရာဟာ ဇွန်လ ၂၀ ရက်က စစ်ကောင်စီရဲ့တပ်မ ၉၉ တပ်ရင်း ၄၁၉ က တပ်သား သန်းထိုက် […]

Continue Reading

Fact Check: NUG လူ/ကယ်ပြန်ဝန်ကြီး တပ်မ ၉၉ ဗျူဟာမှူးထံမှာ လက်နက်ချ အလင်းဝင်ဆိုတဲ့သတင်းမှား

တပ်မ ၉၉ တံဆိပ်ပါရှိတဲ့ စစ်သားတစ်ယောက် ဒေါက်တာဝင်းမြတ်အေးနဲ့ ရယ်မောစကားပြောကာ လက်ဆွဲ နှုတ်ဆက်နေတဲ့ ဓာတ်ပုံကို အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင် ဒေါက်တာဝင်းမြတ်အေး လက်နက်ချ အလင်းဝင်ဆိုပြီး ပို့စ်တစ်ခု ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြားမှာ ပျံနှံ့ခဲ့ပါတယ်။ တကယ်တော့ ဒီဓာတ်ပုံဟာ NLD အစိုးရလက်ထက်မှာ လူကယ်ပြန်ဝန်ကြီး တာဝန်ယူခဲ့စဥ်က ဖြစ်ပြီး ၊ ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ် မောင်းတောဒေသကို သွားရောက်ခဲ့စဉ် တပ်မ ၉၉ က စစ်သားတွေ အရာရှိတွေနဲ့ တွေ့ဆုံ နှုတ်ဆက် စကားပြောနေတဲ့ ဓာတ်ပုံသာ ဖြစ်ပါတယ်။ “လက်နက်ချ အလင်းဝင်ရောက်လာသည့်   NLD ဝန်ကြီးဟောင်း အား  ရှေ့တန်းတပ်မ ၉၉ နည်းဗျူဟာမှူးမှ လှိုက်လှဲစွာ ကြိုဆို”လို့  ရေးသားပြီး “ဇော် မင်း လွင်” အမည်နဲ့ […]

Continue Reading