Fact Check:  ကျောက်ဖြူက တရုတ်ပိုက်လိုင်းကို AA ဖောက်ခွဲတဲ့ သတင်းတု

မြောက်ဦးဆေးရုံးဗုံးကြဲတိုက်ခိုက်မှုကို လက်စားချေတဲ့အနေနဲ့ အာရက္ခတပ်တော်(AA)က  — ဗွီဒီယိုကို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှု အားကောင်း နေတာ တွေ့ရပါတယ်။ သတင်းတုသာ ဖြစ်တယ်။ အောက်ပါ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။  “ကျောက်ဖြူ ပိုက်လိုင်း ပြာကျ မင်းအောင်လှိုင် မျက်ဖြူဆိုက်နေပြီ ။ မြောက်ဦးဗုံးကြဲမှု AA လက်စားချေလိုက်ပြီဟေ့” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit Media” ယူကျူ့ချန်နယ်ဟာ ရန်ကုန်ခေတ်သစ်သတင်းဌာန အမည်နာမကို တုပထားပြီး သတင်းမီဒီယာ တချို့က သတင်းတွေကို သတင်းခေါင်းစဉ်တု တပ်ကာ ဖြန့်ချိလေ့ရှိ ပါတယ်။ ဒီချန်နယ်နဲ့ပတ်သက်ပြီး အချက်အလက်စိစစ်ချက်ထားတာကို  ဒီလင့်ခ်မှာ ကြည့်ပါ။ အခုလည်း ကျောက်ဖြူက […]

Continue Reading

Fact Check: ၁ ရက်အတွင်း အာဏာမလွှဲပေးရင် တရုတ်ပိုက်လိုင်းကို ဖောက်ခွဲမယ်လို့ AA ကို ကြေညာဆိုတဲ့ သတင်းတု

၁ ရက်အတွင်း သူတို့ကို အာဏာမလွှဲပေးရင် ဖမ်းထားတဲ့ တိုင်းမှူးနဲ့ တရုတ်ပိုက်လိုင်းကို ဖောက်ခွဲမယ်လို့ အာရက္ခတပ်တော်(AA)က ကြေညာဆိုတဲ့ ဗွီဒီယိုကို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှုအား ကောင်းလျှက်ရှိတယ်။ သတင်းတု ဖြန့်ချိနေခြင်းသာဖြစ်တာတွေ့ရတယ်။  နိုဝင်ဘာ ၂၃ ရက်က ဖြန့်ဝေခဲ့ပြီး ပျံ့နှံ့မှုအားကောင်းနေဆဲ ဗွီဒီယိုပို့စ်ပါစာသားကောက်နုတ်ကို အောက်မှာ ကြည့်ပါ။ ဒီပို့စ်ဟာ လက်ရှိအချိန်မှာ ကြည့်ရှု့မှုပေါင်း ၇၈၀၀၀ကျော်ရှိထားတယ်။  “AA တပ်ချုပ်ရဲ့ နောက်ဆုံးသတိပေးချက် လေယဉ်ပါသိမ်းပိုက် (၁)ရက်အတွင်း AA ကို အာဏာမလွှဲပေးဘူးဆိုရင် ဖမ်းထားတဲ့တိုင်းမှူးနဲ့ တရုတ်ပိုက်လိုင်းကို ဖောက်ခွဲမယ်တဲ့ “ မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတွေအပါအဝင် ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေက ဖော်ပြချက် မတွေ့ရပါဘူး။ […]

Continue Reading

Fact Check: တရုတ်ပိုက်လိုင်းပေါက်ကွဲမှုဖြစ်ပွားပြီး ဓာတ်ငွေ့ယိုဖိတ်ကာ အစောင့် ၁၀ ဦးသေဆုံးတဲ့ သတင်းမှား

တရုတ်ပိုက်လိုင်းပေါက်ကွဲလို့ဓာတ်ငွေ့တွေယိုဖိတ်ကုန်ပြီး အစောင့် ၁၀ ပါ တပါတည်း ရှင်းခဲ့တယ်ဆိုတဲ့ ဗွီဒီယိုပို့စ်ဟာ ပျံ့နှံ့မှုအားကောင်းခဲ့ပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ ချဲ့ကားထားတဲ့ သတင်းဖြစ်တယ်။ အောက်ပါ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုဖြစ်တယ်။ မူရင်းလင်ခ့် – Youtube link  | Archive link တူညီတဲ့ရေးသားမျှဝေမှုတွေကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ဗွီဒီယိုကိုလေ့လာကြည့်ရာမှာ မန္တလေးတိုင်း တောင်သာမြို့အနီးက တရုတ်ဓာတ်ငွေ့ပိုက်လိုင်းဂိတ်စောင့် စစ်တပ်ကို PDF တွေက တိုက်ခိုက်ခဲ့တဲ့ သတင်းနဲ့ အခြားသော ပစ်ခတ်တိုက်ခိုက်မှုသတင်းတွေ ကိုမျှဝေနေခြင်းဖြစ်ပါတယ်။ ဗွီဒီယိုထဲမှာ ဖတ်ကြားနေတဲ့ အကြောင်းအရာဟာ မေ ၂၃ ရက်မှ ရန်ကုန်ခေတ်သစ်သတင်းဌာနကဖော်ပြခဲ့တဲ့ “တောင်သာရဲစခန်းအနီး တရုတ်ဓာတ်ငွေ့ ပိုက်လိုင်းအစောင့် စစ်တပ်ကို ပစ်ခတ်တိုက်ခိုက်”ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ ဒီလင့်ခ်မှာကြည့်ပါ။ သတင်းထဲမှာ တရုတ်ဓာတ်ငွေ့ ပိုက်လိုင်းအစောင့် […]

Continue Reading