Fact Check: ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့ တရုတ်သမ္မတ  နေပြည်တော် ရောက်လာတဲ့ သတင်းတု 

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့ တရုတ်သမ္မတ  နေပြည်တော် ရောက်လာတယ်ဆိုတဲ့ သတင်းတု ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “ဒေါ်စုနဲ့ဆွေးနွေးပြီး ပြန်မည် လုပ်နေပြီ တရုတ်သမ္မတ နေပြည်တော်ရောက်ပြီ အာဆီယံခေါင်းဆောင် ကြီးတွေနဲ့ အတူလာပြီး ဒေါ်အောင်ဆန်းစုကြည် မဖြစ်မနေတွေ့မည်ဟု ပြင်းထန်အကြပ်ကိုင်နေ” Original link | Archive link အချက်အလက်စိစစ်ချက် တရုတ်သမ္မတ မြန်မာနိုင်ငံလာတဲ့အကြောင်း ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေအပါအဝင် သတင်းမီဒီယာတွေမှာဖော်ပြချက်မတွေ့ရပါဘူး။ ဗွီဒီယိုဖြန့်ဝေထားတဲ့ “Mandalay Khitthit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေ ကို ကူးယူပြီး သတင်းခေါင်းစဉ်တုတပ်ကာ ပြန်လည်ဖြန့်ချိတာတွေ့ရတယ်။  ဒီယူကျူ့ချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar က မကြာခဏအချက်အလက်စိစစ်ဖော်ပြခဲ့ပြီးဖြစ်တယ်။ […]

Continue Reading

Fact Check: တရုတ်မှာ NUG ရုံးခန်းဖွင့်ခွင့်ရတဲ့ သတင်းတု

NUG အစိုးရဟာ တရုတ်နိုင်ငံမှာ ရုံးခန်းဖွင့်လှစ်ခွင့်ရပြီး တရုတ်သမ္မတကလည်း တရားဝင်အစိုးရအဖြစ် ကြေညာလိုက်ပြီးလို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါစာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ မတ် ၂၂ ရက်မှာ စတင်ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှုပေါင်း ၄၀၀၀၀ ကျော်ရရှိ ထားတယ်။ အလားတူတဲ့ ရေးသားဖြန့်ဝေမှုကို ဒီနေရာမှာလည်း တွေ့ရပါတယ်။ “တစ်နိုင်ငံလုံး ထခုန်နေကြပြီ  အောင်ပြီ  NUGကို အစိုးရဟု တရုတ်သမ္မတကြေငြာ  တရုတ်နိုင်ငံမှာ NUGရုံးခန်း ဖွင့်ခွင့်ရပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် “Naypudaw Khit Thit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ […]

Continue Reading