Fact Check: လောက်ကိုင်က တရုတ်သံရုံးကို ဗုံးကြဲခံရမှု သံရုံးဥက္ကဌနဲ့ တရုတ်နိုင်ငံသား ၈၀ ကျော်သေဆုံးဆိုတဲ့ သတင်းတု
ကိုးကန့်ဒေသလောက်ကိုင်မြို့က တရုတ်သံရုံးကို ဗုံးကြဲခံရမှုမှာ သံရုံးဥက္ကဌနဲ့ တရုတ်နိုင်ငံသား ၈၀ ကျော် သေဆုံးခဲ့တယ်လို့ဆိုထားတဲ့ ဗွီဒီယိုပို့စ် ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိတယ်။ သတင်းတုသာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်ပါစာသားကောက်နုတ်ချက်နဲ့ ဒီပို့စ်ကို ရိုက်ကူးထားတဲ့ စခရင့်ရှော့ကို အောက်မှာကြည့်ပါ။ ဗွီဒီယိုဖြန့်ဝေပြီး ၃ နာရီအတွင်း ကြည့်ရှူ့မှုပေါင်း ၆၀၀၀၀ ကျော်ရှိပါတယ်။ “လောက်ကိုင်တရုတ်သံရုံးကို ဗုံးကြဲမိပြီဟေ့ သံရုံးဥက္ကဌနဲ တရုတ်နိုင်ငံသား (၈၀) ကျော်သေကုန်ပြီ တာဝန်ယူရမယ်လို့တရုတ်အမိန့်ထုတ် /ရှုပ်ကုန်ပြီဟေ့” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ကိုးကန့်ဒေသ မြို့တော်လောက်ကိုင်မှာ တရုတ်သံရုံးဖွင့်လှစ်ထားတယ်ဆိုတဲ့ အထောက်အထားမရှိပါဘူး။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးဟာ ရန်ကုန်မှာပဲ အခြေစိုက်ပြီး မန္တလေးမှာတော့ ကောင်စစ်ဝန်ရုံးရှိပါတယ်။ တရုတ်သံရုံးဝက်ဘ်ဆိုဒ်ကို ဒီမှာကြည့်ပါ။ လောက်ကိုင်မှာ တရုတ်သံရုံးဖွင့်လှစ်မှုဖြစ်စေ၊ […]
Continue Reading