Fact Check: ဝက်လက်စခန်းသိမ်းတိုက်ပွဲ စစ်သား ၁၀၀ သေဆုံးပြီး ၂၀ ဦးဖမ်းမိဆိုတဲ့ ချဲ့ကားထားတဲ့ သတင်းခေါင်းစဉ်မှား

ဝက်လက်မြို့နယ် ရွှေပန်းကုန်းရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တွေက ဝင်သိမ်းခဲ့ရာမှာ စစ်သား ၁၀၀ သေဆုံးပြီး ၂၀ ဦးအရှင်ဖမ်းမိခဲ့တယ်လို့ဆိုပြီး ဗွီဒီယိုတခု ယူကျူ့နဲ့ဖေ့စ်ဘွတ်မှာ ဖြန့်ဝေထားရာပျံ့နှံ့မှု အားကောင်း လျှက်ရှိပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ ချဲ့ကားထားတဲ့ သတင်းခေါင်းစဉ်မှားဖြစ်တယ်။  အလားတူရေးသား မျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ဒီဗွီဒီယိုကို ဖြန့်ဝေနေတဲ့ “Burma Television”ယူကျူ့ချန်နယ်နဲ့ “News-for-today” ဖေ့စ်ဘွတ်စာမျက်နှာ ကိုလေ့လာကြည့်မယ်ဆိုရင် ချဲ့ကားထားတဲ့ ခေါင်းစဉ် သို့မဟုတ် လုပ်ကြံရေးသားထားတဲ့ ခေါင်းစဉ်တုတွေတပ်ပြီး သတင်းမီဒီယာအချို့က သတင်းတွေကို ပြန်လည်ဖြန့် ဝေနေခြင်းဖြစ်တာတွေ့ရပါတယ်။ အခုလည်း ဗွီဒီယိုပါသတင်းဟာ ရန်ကုန်ခေတ်သစ်မီဒီယာက နိုဝင်ဘာ ၂၁ ရက်ကဖော်ပြခဲ့တဲ့ “ဝက်လက်မြို့နယ်၊ ရွှေပန်းကုံးနယ်မြေရဲစခန်းကို တိုက်ခိုက် […]

Continue Reading

Fact Check:  ရဟတ်ယာဉ်တစီး MNDAA ပစ်ချမှု စစ်သား ၇၀၀ ကျော်နဲ့ လေယာဉ်မှု ၅ ဦးသေဆုံးမှု သတင်းတု

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီ ရဟတ်ယာဉ်တစီးကို  မြန်မာ့အမျိုးသားဒီမိုကရက်တစ်မဟာမိတ် တပ်မတော်(MNDAA)ပစ်ချမှု စစ်သား ၇၀၀ ကျော်နဲ့ လေယာဉ်မှု ၅ ဦးသေဆုံးတယ်ဆိုတဲ့ သတင်းတုပို့စ် ယူကျူ့မှာဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိ ပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဗုံးလာကျဲတဲ့ မအလ ပုဇင်း(၁)စင်းကို MNDAA ပစ်ချလိုက်ပြီဟေ့ စစ်ခွေး(၇၀၀)ကျော်သေဆုံး၊လေယာဉ်မှူး(၅)ဦးသေ”(မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ အခုဖြန့်ဝေနေတဲ့ “Share Local Media”အမည်နဲ့ ယူကျု့ချန်နယ်ဟာ သတင်းမီဒီယာအချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို အခုလိုပဲ ထင်ယောင်ထင်မှားဖြစ်စေနိုင်တဲ့ သတင်းခေါင်းစဉ်လွဲ သို့မဟုတ် သတင်းခေါင်းစဉ်တုတပ် ဖြန့်ချိလေ့ရှိတာ တွေ့ရပါတယ်။  ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ […]

Continue Reading

Fact Check: KNU နဲ့မဟာမိတ်တပ် အင်အား ၅၀၀၀ ကျော်နဲ့ မြဝတီမြို့သိမ်းတိုက်ပွဲ စတင်တဲ့ သတင်းခေါင်းစဉ်တု

KNU နဲ့မဟာမိတ်တပ် အင်အား ၅၀၀၀ ကျော်နဲ့ မြို့သိမ်းတိုက်ပွဲစတင်တဲ့ သတင်းခေါင်းစဉ်တုပို့စ်တခု ဖေ့စ်ဘွတ်နဲ့ ယူကျူ့မှာ ဖြန့်ဝေလျှက်ရှိတာဟာ သတင်းတုတခုသာဖြစ်တယ်။ အောက်ပါစာသားတွေကတော့  ဒီလိုဖြန့်ဝေထားတဲ့ ဗွီဒီယိုပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “မြဝတီမြို့ သိမ်းတိုက်ပွဲစပြီ။” တူညီတဲ့ရေးသားမျှဝေမှုကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ မြဝတီမြို့မှာ တိုက်ပွဲဖြစ်တဲ့ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ သို့ပေမဲ့ ကော့ကရိတ်မြို့မှာတော့ KNU နဲ့ မဟာမိတ်တွေက တိုက်ပွဲဖြစ်ပွားခဲ့တဲ့ သတင်းတွေ့ရပြီး မြို့သိမ်းတိုက်ပွဲ ဖြစ်ပွားခဲ့တယ်ဆိုတဲ့ အထောက်အထားမရှိပါဘူး။ ကော့ကရိတ်မြို့တိုက်ပွဲနဲ့ ပတ်သတ်တဲ့ သတင်းဖော်ပြချက် တွေကို ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ ကြည့်ပါ။ ဒီလိုပဲ တိုက်ပွဲတွေကြောင့် ယာယီပိတ်ထားရတဲ့ ကော့ကရိတ်-မြဝတီလမ်းပိုင်း ပုံမှန်အတိုင်း […]

Continue Reading

Fact Check: လွတ်လပ်ရေးနေ့အခမ်းအနား ဗုံးကြဲခံရလို့ ဝန်ကြီး ၄၅ ဦးသေဆိုတဲ့သတင်းတု

စစ်ကောင်စီက စိန်ရတုလွတ်လပ်ရေးအခမ်းအနားကို သူတို့ထိန်းချုပ်ထားရာ နေပြည်တော်မှာ ကျင်းပခမ်းနားစွာ ကျင်းပခဲ့ပေမဲ့ အာဏာသိမ်းထားတဲ့ စစ်တပ်ကမကထပြုတဲ့ လွတ်လပ်ရေးနေ့ဟာ နိုင်ငံအနှံ့ တိုက်ပွဲတွေကြောင့် အနှစ်သာရကင်းမဲ့ခဲ့ပြီး လူထုပါဝင်မှုလည်းနည်းပါးပါတယ်။ အထူးသဖြင့် လွတ်လပ်ရေးနေ့မှာ KNU က စစ်တပ်တပ်စခန်းအချို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်တပ်ကလည်း လေကြောင်းကနေ ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။ ဒီလိုအခြေအနေမှာ နစက(နိုင်ငံတော်စီမံအုပ်ချုပ်မှုကောင်စီ)ကကျင်းပတဲ့  လွတ်လပ်ရေးနေ့အခမ်းအနား ဗုံးကြဲခံရလို့ တက်ရောက်လာတဲ့ ဝန်ကြီးအပါအဝင် ၄၅ ဦးသေဆုံးတယ်လို့ဆိုပြီး သတင်းတု ပို့စ်တစ်ခုဖေ့စ်ဘွတ် အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ “ဝန်ကြီး ၄၅ဦး ဘဝ ကူးပြီ”လို့ ရေးသားပြီး “The News” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာ က ဇန်နဝါရီ ၄ ရက်မှာ အောက်ပါအတိုင်းမျှဝေထားရာ ဒီဗွီဒီယိုကို ကြည့်ရှူ့မှုပေါင်း ၅ သိန်းကျော်ရှိတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB […]

Continue Reading

Fact Check: AA နဲ့ စစ်ကောင်စီတိုက်ပွဲ ဗွီဒီယိုလား – မဟုတ်ပါ

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မြန်မာစစ်တပ်နဲ့ ရခိုင့်တပ်တော်(AA)တို့ ထိတွေ့တိုက်ပွဲတွေဆက်တိုက်ဖြစ်လာ နေပါတယ်။ ဒီလိုအခြေအနေမှာ ပေါက်ကွဲမှုတွေ၊ ပစ်ခတ်သံတွေနဲ့အတူ အဝေးက တောတန်းတစ်နေရာမှာ မီးခိုးဖြူတွေအူတက်လာနေတာကို ရိုက်ကူးထားတဲ့ ဗွီဒီယိုတစ်ခုကို AA နဲ့ မြန်မာစစ်တပ်ရဲ့တိုက်ပွဲအဖြစ် ဗွီဒီယိုအဖြစ် ဖေ့စ်ဘွတ်မှာ ဖြန့်ဝေလျက်ရှိပါတယ်။  သတင်းမှားတစ်ခုဖြစ်ပါတယ်။ ဗွီဒီယိုဟာ ၂၀၁၉ ခုနှစ်ကတည်းက အင်တာနက်မှာ ပျံ့နှံ့လျက်ရှိပြီး အိန္ဒိယ-ပါကစ္စတန်နယ်စပ် ကတ်ရှ်မီးယားဒေသမှာ ပစ်ခတ်မှုအဖြစ်အပျက်ကို ရိုက်ကူးထားတာဖြစ်ပါတယ်။ “AA ရဲ့စကေးကြမ်းချက်….. စကစအတွက်တော့ မတွေးဝံ့စရာပဲ… (9.9.2022) ရက်နေ့… Credit ###”လို့ ရေးသားပြီး “Ayarwaddy Channel” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ကအောက်ပါအတိုင်းမျှ ဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  […]

Continue Reading