Fact Check: ဖိလစ်ပိုင်မှာရေကြီးနစ်မြုပ်မှုမှ ကလေးငယ်ကယ်ဆယ်မှု မှတ်တမ်း ဓာတ်ပုံကို မြန်မာနိုင်ငံက အဖြစ်အပျက်အဖြစ်မျှဝေ
မြန်မာနိုင်ငံက ရေဘေးဒုက္ခတစ်ခုမှာ ဖခင်ဟာ သူ့ရဲ့ကလေးကို ဇလုံတစ်ခုထဲမှာထည့်ပြီး သယ်ဆောင် လာတဲ့ဓာတ်ပုံဆိုပြီးတော့ ဖေ့စ်ဘွတ်အသုံးပြုသူအများအပြားက မျှဝေလျက်ရှိပါတယ်။ ဒီလို ဓာတ်ပုံပျံ့နှံ့ လာချိန်ဟာ မြန်မာနိုင်ငံမှာ ဇူလိုင်လကုန်ပိုင်းမှာ နေရာအတော်များများ ရေကြီးနစ်မြှုပ်မှု အချို့ဖြစ်ပေါ်ခဲ့ချိန်နဲ့ ကိုက်ညီနေပြီး လူအများအကြာရေပန်းစားခဲ့တာဖြစ်ပါတယ်။ သို့သော် ဒီဓာတ်ပုံဟာ မြန်နိုင်ငံနဲ့သက်ဆိုင်ခြင်းမရှိဘဲ ၂၀၂၀ ခုနှစ် နိုဝင်ဘာလအတွင်းက ဖိလစ်ပိုင်ရေကြီးမှု ဖြစ်စဉ်က ဓာတ်ပုံဖြစ်ပါတယ်။ “မြန်မာနိုင်ငံရေဘေးဒုက္ခတွေကြားက ဖခင်တစ်ယောက်ရဲ့ဖြူစင်လှပလွန်းတဲ့ ပေးဆပ်သော ချစ်ခြင်း မေတ္တာ….Photo crd”လို့ရေးသားပြီး “စွယ်စုံသုတ” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာ မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေ အရေအတွက် ၂၀၀ ဝန်းကျင် ရှိပါတယ်။တူညီတဲ့ ရေးသားမျှဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link | Archive […]
Continue Reading