Fact Check: ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ပြီး လွှတ်ဖို့လုပ်လို့ တိုင်းမှူး ၅ ယောက် ဖြုတ်ချခံရဆိုတဲ့ သတင်းတု

ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ပြီး လွှတ်ပေးဖို့ လုပ်တဲ့အတွက် တိုင်းမှူး ၅ ယောက်ကို ရာထူးကနေ စစ်ခေါင်းဆောင် ဖြုတ်ပစ်လိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိတယ်။ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတခုဖြစ်တာတွေ့ရပါတယ်။ အောက်ပါစာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။   “မအလ မသိအောင် ဒေါ်စုကို တွေ့ပြီး  လွှတ်ဖို့လုပ်တဲ့ တိုင်းမှူး(၅)ယောက် ဖြုတ်ချခံရ တပ်တွင်းပုန်ကန်မှု ပွဲဆူကုန်ပြီ”(မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “KK Audiobooks”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာ အချို့မှာ ဖော်ပြခဲ့တဲ့ သတင်းတွေကို ချဲကားရေးသား ထားတဲ့ သတင်းခေါင်းစဉ် သို့မဟုတ် သတင်းခေါင်းစဉ်တု တပ်ပြီး […]

Continue Reading

Fact Check: မန္တလေးနန်းတွင်း တိုက်ခိုက်မှုမှာ တိုင်းမှူးတမိသားစုလုံးသေဆုံးပြီး လေယာဉ် အစီး ၂၀ ပျက်စီးဆိုတဲ့ သတင်းတု 

မန္တလေးနန်းတွင်း တိုက်ခိုက်မှုမှာ တိုင်းမှူးမိသားစုသေဆုံးခဲ့ပြီး လေယာဉ်အစီး ၂၀ ပျက်စီးခဲ့တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာမှာ ပျံ့နှံ့မှုအားကောင်းနေပါတယ်။ ထိခိုက်သေဆုံးမှုအချို့ရှိပေမဲ့ ဘယ်သူဘယ်ဝါဆိုတာကို တိုက်ခိုက်မှုမှာပါဝင်ခဲ့တဲ့ အဖွဲ့အစည်းတွေကိုယ်တိုင် အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။  အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ အလားတူ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ “မန္တလေးတိုင်း စစ်ဌာနချုပ် ဒုံး(၆)လုံးနဲ့ ပစ်ခပ်ခံရမှုမှာ တိုင်းမှူးတစ်မိသားစုလုံး ထိပြီး သေဆုံးတဲ့ လေယဉ်အစီး(၂၀)ပြာကျ၊ သွေးချောင်းစီးခဲ့” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် မန္တလေးနန်းတော်ထဲမှာ ရှိတဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို မြို့ပြပြောက်ကျားစစ်ဆင်ရေးအနေနဲ့ ရှော့တိုက်ဒုံး ၆ လုံးနဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်က တိုက်ခိုက်ခဲ့ကြောင်း တိုက်ခိုက်ခဲ့တဲ့ အဖွဲ့က ထုတ်ပြန်ခဲ့ပြီး  […]

Continue Reading

Fact Check: စစ်တပ်က ဖြုတ်ချလိုက်တဲ့ တိုင်းမှူး NUG နဲ့ ပူးပေါင်းတဲ့ သတင်းတု

စစ်တပ်ကဖြုတ်ချလိုက်တဲ့ အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နမခ)တိုင်းမှူးဟာ အမျိုးသားညီညွှတ်ရေး အစိုးရ(NUG)နဲ့ ပူးပေါင်းလိုက်တယ်ဆိုတဲ့  ဗွီဒီယိုပို့စ် ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။  ၉ မိနစ်ဝန်းကျင်ရှည်လျားတဲ့ ဒီဗွီဒီယိုအစမှာ “(၉) ရက်နေ့ နေ့လည် (၁)နာရီ အရေးပေါ် ရာထူးကဖြုတ်ခံရတဲ့  နမခတိုင်းမှူး NUG နဲ့ပူး‌ပေါင်းလိုက်ပြီ“စသည်ဖြင့်ရေးသားထားသလို “ရာထူးဖြုတ်ချခံရတဲ့ တိုင်းမှူး NUGနဲ့ပူးပေါင်းလိုက်ပြီ 9 Aug2023”စသည်ဖြင့်လည်း ဗွီဒီယိုပို့စ်မှာ ရေးသားထားပါတယ်။ အောက်ပါစခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုဖြစ်တယ်။ ဖေ့စ်ဘွတ်ရဲ့ ဒီနေရာမှာလည်း အလားတူဖြန့်ဝေထားတာတွေ့ရပါတယ်။ မူရင်းလင်ခ့် – Youtube link  | Archive link အချက်အလက်စိစစ်ချက် ဒီယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာအချို့မှာဖော်ပြပြီးနောက် ရေပန်းစားခဲ့တဲ့ သတင်းတွေကို သတင်း ခေါင်းစဉ်တု၊ ဒါမှမဟုတ် နားလည်မှု လွဲစေနိုင်တဲ့ ခေါင်းစဉ်မှားတွေတပ်ပြီး ပြန်လည်ဖြန့်ဝေလေ့ရှိတာ တွေ့ရပါတယ်။ ဒီလိုယူကျူ့ချန်နယ်တွေနဲ့ […]

Continue Reading

Fact Check: မပခတိုင်းမှူးနဲ့ ဇနီးပစ်သတ်ခံရတဲ့ သတင်းတု

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ) တိုင်းမှူးနဲ့ ဇနီး ပစ်သတ်ခံရတယ်လို့ဆိုထားတဲ့ ပို့စ်တစ်ခု အွန်လိုင်း အသုံးပြုသူတွေကြား ဖြန့်ဝေလျက်ရှိတာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “မပခ တိုင်းမှူးနဲ့ဇနီး ဗျင်းခံရ / အရေးပေါ်သတင်း” ဇူလိုင် ၂၁ ရက်ကစတင်ဖြန့်ဝေခဲ့တဲ့ ဒီယူကျူ့ ဗွီဒီယိုကို လက်ရှိအချိန်အထိ ၂၁၀၀၀ ‌ကျော်ရှိပါတယ်။ အလားတူ ရေးသားမျှဝေမှုကို ယူကျူ့ရဲ့ ဒီနေရာနဲ့ ဖေ့စ်ဘွတ်ရဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။  မူရင်းလင်ခ့် – Youtube link  | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ ပြည်တွင်းမီဒီယာတွေမှာ မပခလို့ အတိုခေါက်အားဖြင့် ခေါ်တဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနဲ့အဖွဲ့ကို နေပြည်တော်က လာရောက်ဖမ်းဆီးသွားတယ်ဆိုတဲ့ သတင်းဖော်ပြချက်ရှိပေမဲ့ ဒီလိုမျိုး ပစ်သတ်ခံရတယ်ဆိုတဲ့ သတင်းဖော်ပြချက်မျိုးမရှိပါဘူး။  […]

Continue Reading