Fact Check: တောင်ငူထောင်မှာအကျဉ်းသား ၉၀ ထွက်ပြေးတယ်ဆိုတဲ့ချဲ့ကားထားတဲ့ သတင်းမှား

တောင်ငူထောင်ကနေ အကျဉ်းသား (၉၀ )ထွက်ပြေးလွတ်မြောက်သွားပြီး စစ်ကောင်စီဘက်မှ စစ်သား (၃၀)ပစ်သတ်ခံရကာ သေနတ် (၄)လက် လုယူသွားတယ်ဆိုတဲ့ ဗီဒီယိုပို့စ်တခု လူမူကွန်ယက်စာမျက်နှာမှာ ယနေ့ ပျံ့နှံ့မှု့အားကောင်းခဲ့ပါတယ်။ မူရင်းသတင်းအမှန်ကို ချဲ့ကားပြီး သတင်းတု ပြန်လည် ဖန်တီးထားတာကို တွေ့ရပါတယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့  ဗွီဒီယိုရုပ်ကတ်ထဲမှာ “၁၉ ရက်နေ့တောင်ငူထောင် မီးလောင်ပြီ အကျဉ်းသား (၉၀)ထွက်ပြေးလွတ်မြောက် စစ်ခွေး (၃၀)ပစ်သတ် သေနတ် (၄)လက်လုယူ” စသဖြင့် Bestss Videos အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက ရေးသားမျှဝေထားတာ အောက်ပါတိုင်း တွေ့ရပါတယ်။ မူရင်းလင်ခ့် –FB link  | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာတော့ တောင်ငူထောင်မှာ သေဒဏ်ကျ နိုင်ငံရေးအကျဉ်းသူ ၁ ဦးအပါအဝင် နိုင်ငံရေးအကျဉ်းသား ၁၀ ဦးက […]

Continue Reading

Fact Check: သမ္မတဦးဝင်းမြင့် ပြန်လည်လွှတ်မြောက်ဆိုတဲ့ သတင်းတု

သမ္မတဦးဝင်းမြင့် ပြန်လည်လွှတ်မြောက်ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိရာ သတင်းတုဖြန့်ချိမှုတစ်ခုသာဖြစ်ပါတယ်။ အောက်ပါ screenshot ကတော့ သမ္မတဦးဝင်းမြင့်ဟာ ကိုယ်တိုင်လျှောက် လဲချက်ပေးပြီးနောက် အမှု ၃ မှုလုံးအနိုင်ရပြီး ပြန်လည်လွှတ်မြောက်လာပြီလို့ဆိုထားတဲ့ ဗွီဒီယိုဖြစ်ပါတယ်။ မူရင်းလင်ခ့် – Youtube link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် သမ္မတဦးဝင်းမြင့် အမှု ၃ မှုကို ကိုယ်တိုင်လျှောက်လဲချက်ပေးပြီး အနိုင်ရလို့ ပြန်လွတ်လာပြီလို့ ရေးသားထားတဲ့ ဗွီဒီယိုကို လေ့လာကြည့်ရာမှာ ဗွီဒီယိုပါအကြောင်းအရာဟာ လွှတ်တော်ကိုယ်စားလှယ်ဦးဝင်းမြင့်နဲ့ နိုင်ငံ့ဝန်ထမ်း မင်းအောင်လှိုင်တို့ ဘယ်သူ သမ္မတဖြစ်ခွင့်ရှိသလဲဆိုတဲ့ ဆောင်းပါးရှင်း မင်းသေ့ အတွေးအမြင်ဆောင်းပါးကို ဖတ်ကြားနေခြင်းဖြစ်ပါတယ်။  အဂတိမှု၊ သဘာဝဘေးအန္တရာယ်အမှုအပါအဝင် ပုဒ်မအမျိုးမျိုးနဲ့ သမ္မတ ဦးဝင်းမြင့်ကို စစ်တပ်က ဖမ်းဆီး […]

Continue Reading