Fact Check: အာဇာနည်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ သတင်းတုတွေ ဖြစ်တယ်

ဒေါ်အောင်ဆန်းစုကြည် အာဇာနည်နေ့အခမ်းအနားတက်ရောက်တယ်ဆိုတာက အစ၊ ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာပြီအလယ်၊ သူနဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ တွေ့ဆုံဆွေးနွေးမှုအဆုံး ဗွီဒီယိုတွေ  ယူကျူ့ချန်နယ်တခုက မျှဝေထားရာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ သတင်းခေါင်းစဉ်တုတပ်ထားတဲ့ ဗွီဒီယိုတွေသာဖြစ်တယ်။  ဒေါ်အောင်ဆန်းစုကြည် စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်ဆိုပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဇူလိုင် ၁၉ ရက်က ဖြန့်‌ဝေထားပြီး လက်ရှိအချိန်မှာ ကြည့်ရှု့မှု‌ပေါင်း  ၁ သိန်းဝန်းကျင်ရရှိထားတဲ့ ဗွီဒီယိုကို အောက်မှာကြည့်ပါ။  “တပ်ချုပ်နဲ့ လူထုခေါင်းဆောင် တွေ့ဆုံ အာဇာနည်နေ့မှာ နာရီ ၄ချက်အထိ တွေ့ဆုံဆွေးနွေး ပြည်သူ့မိခင်ကြီး ပြတ်ပြတ်သားသား အပြတ်ပြော” Original link | Archive link ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာပြီဆိုတဲ့ ဗွီဒီယိုကို ဒီနေရာနဲ့ အာဇာနည်နေ့အခမ်းအနား သူတက်တယ်ဆိုတဲ့ […]

Continue Reading