Fact Check: ထန်တလန်မီးရှို့ခံရမှုမြင်ကွင်းကို လွိုင်ကော်မြို့ကမြင်ကွင်းအဖြစ်ပျံ့နှံ့
ကယားပြည်နယ်မှာ စစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့တဲ့ သတင်းတွေနဲ့အတူ လွိုင်ကော်မြို့အခြေအနေဆိုပြီး ဝေဟင်ကရိုက်ထားတဲ့ မီးဆွဲလောင်ပြီး မီးခိုးတန်းထွက်နေတဲ့ မြို့ပြမြင်ကွင်းကို ဖေ့စ်ဘွတ်အသုံးပြုသူ ထောင် ဂဏန်းက ဖေ့စ်ဘွတ်မှာမျှဝေခဲ့တာတွေ့ရပါတယ်။ ဒီဓာတ်ပုံမြင်ကွင်းနဲ့အတူ ကလေးငယ်ကို ချီပွေ့လျှက် သစ်ပင်ကို အကာအကွယ်ယူနေတဲ့ အမျိုးသမီး၊ သက်ကြီးရွယ်အိုတစ်ယောက်ကို ပျောက်ကျား ဝတ်စုံဝတ်လူ ငယ်တစ်ယောက်က ထမ်းပိုးလာဟန် ဓာတ်ပုံ ၂ ပုံလည်း ပြန်လည်မျှဝေလျှက်ရှိပါတယ်။ သို့သော်လည်း ဓာတ်ပုံ ၃ ပုံထဲက မီးလောင်နေတဲ့မြင်ကွင်းဓာတ်ပုံဟာ အောက်တိုဘာလထဲမှာ ထန်တလန်မြို့ မီးရှို့ခံရမှုဖြစ်စဉ်က ဓာတ်ပုံဖြစ်တာတွေ့ရပါတယ်။ “ဒါက Loikaw မြို့ မင်းတို့မြို့မဟုတ်ဘူး ကျော်သွားနော😭 #kayahstate💔”လို့ရေးသားပြီး “Khun Oo Reh”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်မျှဝေမှုပေါင်း ၁၈၀၀ ရှိပါတယ်။ အလားတူမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – […]
Continue Reading