Fact Check: မူးယစ်ဆေးဖြစ်စေတာကြောင့် ထန်းသီးတွေကို မီးရှို့နေပုံလား-မဟုတ်ပါ

ထန်းသီးဟာ မူးယစ်ဆေးအမျိုးမျိုးရဲ့ အရင်းအမြစ်အဖြစ် တွေ့ရှိရတဲ့အတွက် ရဲတပ်ဖွဲ့၊မီးသတ်နဲ့ သစ်တော ဦးစီး ဌာနတို့ ပူးပေါင်းပြီး ထန်းပင်နဲ့ ထန်းသီးတွေကို မီးရှို့ဖျက်စီးနေတဲ့ပုံလို့ ရေးသားထားတဲ့ ဓာတ်ပုံပို့စ်တစ်ခုကို ဖေ့စ်ဘွတ်အသုံးပြု ထောင်ပေါင်းများစွာက မျှဝေလျက်ရှိပါတယ်။  သို့သော်လည်း ဒီလိုမျှဝေထားတဲ့ ဓာတ်ပုံဟာ ၂၀၂၀ ခုနှစ် နိုဝင်ဘာလထဲမှာ သာပေါင်းမြို့နယ်မှာ မီးငြှိမ်းသတ်မှု ဇာတ်တိုက်လေ့ကျင့်နေခြင်းဖြစ်ပါတယ်။ “မူးယစ်ဆေးအစ ထန်းရည်ကဖြစ်လို့ ထန်းသီးများကို သစ်တောဦးစီးမှမီးရှို့ဖျက်စီး ******************************************** မူးယစ်ဆေးများဖြစ်ကြသော WY၊ ၈၈၊ တစ်ခုလို၊ ရေခဲ၊ အသီး၊ ကြယ်သီး၊ ရာမ၊ ရာဘ၊ ဘိန်းဖြူ၊ ဘိန်းမဲ၊ ၉၂၊ ၉၄၊ ‌မြင်းဆေး၊ ဆေးခြောက်နှင့်အခြား စိတ်ကြွဆေးအမျိုးမျိုး အစရှိသည်တို့ကို လူငယ်များသုံးစွဲမှုလျော့နည်းလာစေရန်နှင့်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကိုပိုမိုထိရောက်လာစေရန်အတွက် သစ်တောဦးစီးဌာနမှ မူးယစ်ဆေးအမျိုးမျိုးတို့၏ ဇာတ်မြှစ်ကိုသုသေသနပြုစမ်းသပ်လေ့လာကြည့်ရာ ထန်းသီးမှထွက်သောထန်းရည်ဖြစ်နေကြောင်းကိုသိရှိခဲ့ရသည်။ ထို့ကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ […]

Continue Reading