Fact Check: မြန်မာစစ်ကောင်စီကို ဖမ်းဝရမ်းမထုတ်လို့ ICC နဲ့ ICJ ကို ထရမ့် ဖျက်သိမ်းတဲ့ သတင်းတု 

မြန်မာစစ်ကောင်စီကို ဖမ်းဝရမ်းမထုတ်လို့ နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC) နဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ) ကို အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ဖျက်သိမ်းလိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ လုပ်ကြံရေးသားပြောဆိုချက်သာ ဖြစ်တယ်။ အောက်ပါစခရင်ရှော့ကတော့ ကြည့်ရှု့မှုများပြားနေတဲ့ ယူကျူ့ ဗွီဒီယိုနဲ့ ဒီဗွီဒီယို ပါစာသားကောက်နုတ်ချက်ဖြစ်ပါ တယ်။  “ICC နဲ့ ထရမ့် မြန်မာအ‌ရေး ပြသာနာတက် အကြမ်းဖက်မှု သက်သေ ပြည့်စုံနေပြီး စစ်ကောင်စီကို ဖမ်းဝရမ်းမထုတ်လို့  ICC နဲ့ ICJ ကို သုံးစားမရဟုဆိုကာ အကုန်ဖျက်သိမ်းပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Mandalay khithit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာ […]

Continue Reading

Fact Check: စစ်သား ၃၀၀၀ နေပြည်တော်ကို ထရမ့် စေလွှတ်ပြီး စစ်ခေါင်းဆောင်ကို ဖမ်းဆီးတဲ့ သတင်းတု

အမေရိကန်သ္မတသစ် ဒေါ်နယ်ထရမ့်(Donald Trump)က စစ်သား ၃၀၀၀ နေပြည်တော်ကို လွှတ်လိုက်ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဖမ်းဆီးလိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့ချန်နယ် တခုက ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။  ဇန်နဝါရီ ၂၂ ရက်မှာ “MCM Channel”အမည်နဲ့ ယူကျူ့ချန်နယ်က  ဖြန့်ဝေခဲ့တဲ့ ဗွီဒီယို စခရင်ရှော့နဲ့ ပို့စ်ပါ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။  “US သမ္မတသစ် ထရမ့် မြန်မာ့အရေး ဆုံးဖြတ်ပြီ US စစ်သား ၃၀၀၀ နပတကို ဒီမနက်လွှတ်လိုက်ပြီတဲ့” မူရင်းလင်ခ့် – Youtube link | Archive link  ဒီချန်နယ်ကပဲ နောက်ထပ် ဖြန့်ဝေမှုမှာတော့ အမေရိကန်သမ္မတအသစ် အမိန့်နဲ့ စစ်ခေါင်းဆောင်ကို ဖမ်းသွားပြီလို့ […]

Continue Reading

Fact Check: ထရမ့် NLD တံဆိပ်ဦးထုပ်ဆောင်းပြီး မဲပေးပို့တိုက်တွန်း ခဲ့သလား-မဟုတ်ပါ

အမေရိကန်သမ္မတထရမ့် NLD စာသားနဲ့ ဦးထုပ်ဆောင်းထားတဲ့ပို့စ်ကို လူမှုကွန်ယက်မှာ ဖြန့်ဝေနေတာ တွေ့ရပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်မှာ “အနိုင်ရရှိသွားတဲ့ Trump က မြန်မာပြည်သူပြည်သားတွေအားလုံး NLDကိုမဲပေးကြပါတဲ့” လို့လည်း ရေးထားပြီး ထရမ့်ဟာ “NLD”လို့ရေးသားထားတဲ့ အဖြူရောင်စာသားပါ အနီရောင်ဉီးထုပ် ကိုလည်း ဆောင်းပြီး လက်မထောင်နေပုံလည်း ပါဝင်ပါတယ်။ ထရမ့်ဆောင်းထားတဲ့ အနီရောင်ဉီးထုပ်မှာ “NLD”လို့ ရေးသားထားတဲ့ စကားလုံးဟာ မူရင်းဓာတ်ပုံကို ပြုပြင် တည်းဖြတ်ထားတာတွေ့ရပြီး ထရမ့်   NLD ကိုမဲပေးပါလို့ပြောခဲ့တဲ့အထောက်အထား Fact Crescendo Myanmar အနေနဲ့မတွေ့ရှိရပါတယ်။  မူရင်းလင်ခ့် – Fb link  |  Archive link အချက်အလက်စိစစ်ချက် ပထမဆုံး အမေရိကန်သမ္မတထရမ့်ရဲ့ ဓာတ်ပုံကိုရှာကြည့်ရာမှာ ဒီဓာတ်ပုံကို သတင်းဓာတ်ပုံတင်တဲ့ Getty Images […]

Continue Reading