Fact Check: ထိုင်းတိုက်လေယာဉ်ကို ကမ္ဘောဒီးယားပစ်ချတဲ့ ဗွီဒီယိုလား-မဟုတ်ပါ
ဇူလိုင် ၂၄ ရက်မှာ ရုတ်တရက် ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ နယ်စပ်အရေးနဲ့ပတ်သက်ပြီး အပြန်အလှန် တိုက်ခိုက်မှု တွေဖြစ်ပွားပြီးနောက် ထိုင်းတိုက်လေယာဉ်ကို ကမ္ဘောဒီးယားပစ်ချတဲ့ ဗွီဒီယိုဆိုပြီး ပို့စ်တခု ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှု အားကောင်း လျက်ရှိတယ်။ နားလည်မှုလွဲမှားစေနိုင်တဲ့ ပြောဆိုမှုဖြစ်တာတွေ့ရတယ်။ ဗွီဒီယိုဟာ လက်ရှိဖြစ်စဉ်နဲ့ သက်ဆိုင်ခြင်းမရှိပါဘူး။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာမှာလည်း တွေ့ရပါတယ်။ “ကမ္ဘောဒီးယားက ထိုင်း F16 တိုက်လေယာဉ်ကို ပစ်ချခဲ့ပါတယ်။” Original link | Archive link အချက်အလက်စိစစ်ချက် Google မှာ ပုံရှာနည်းအသုံးပြုပြီး ဗွီဒီယိုပျံ့နှံ့ခဲ့ပုံကို ရှာဖွေကြည့်ရာမှာ ဒီဗွီဒီယိုဟာ ရုရှား UAV တစင်းကို ယူကရိန်းက ဖျက်ချခဲ့တဲ့ […]
Continue Reading