Fact Check: နေပြည်တော်ကို ဒရုန်းနဲ့တိုက်ခိုက်ခံရအပြီး ဖြန့်ဝေလာတဲ့ချဲ့ကားထားတဲ့ သတင်းတွေဖြစ်တယ်
ဧပြီ ၄ ရက်မနက်ပိုင်းက နေပြည်တော်ကို တော်လှန်ရေးအဖွဲ့တွေက ဒရုန်းတွေအသုံးပြုတိုက်ခိုက်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်အပြီးမှာ ဒီသတင်းရဲ့ နောက်ဆက်တွဲ ချဲ့ကားထားတဲ့ သတင်းတွေနဲ့ သတင်းမှားတွေ ယူကျူ့မှာ ဆက်တိုက်ပျံ့နှံ့လာခဲ့တာတွေ့ရပါတယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ အလားတူတဲ့ ဖြန့်ဝေမှုကို နောက်ထပ်ယူကျု့ချန်နယ်တခုက ထပ်မံ ဖြန့်ဝေခဲ့ပါသေးတယ်။ ဒီနေရာမှာကြည့်ပါ။ “နေပြည်တော် အေလာလေဆိပ်နဲ့စစ်ရုံးချုပ် ဗုံးကြဲမှု ရုရှားထုတ်တိုက်လေယာဉ် (၁၃)စီးပျက်ဆီးပြီး ဒုတပ်ချုပ်စိုးဝင်းနဲ့အရာရှိ (၂၂)ဦးပွဲချင်းပြီးသေ ” မူရင်းလင်ခ့် – Youtube link | Archive link နောက်ထပ် ပြောဆိုချက်တခုမှာတော့ နေပြည်တော်ကို ဒရုန်းနဲ့တိုက်ခိုက်ခံရပြီးနောက် အကြောက်လွန်ကာ စစ်ခေါင်းဆောင်တွေက လူငယ်တွေအားလုံးကို ပြန်လွှတ်ပေးလိုက်ပြီး စစ်မှုထမ်းဥပဒေကိုလည်း ဖျက်သိမ်း လိုက်တယ်လို့ ဆိုထားပါတယ်။ […]
Continue Reading