Fact Check: ဒုတိယစစ်ခေါင်းဆောင် စိုးဝင်းသေဆုံးမှု သတင်းတု

ဒုတိယစစ်ခေါင်း‌ဆောင် ဗိုလ်ချုပ်မှူးကြီးစိုးဝင်း သေဆုံးသွားတယ်လို့ ဆိုထားတဲ့ ဗွီဒီယိုပို့စ်တွေ ယူကျူ့မှာ ဖြန့်ဝေထားရာဟာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းခေါင်းစဉ်တုတပ်ဗွီဒီယိုတွေသာဖြစ်တယ်။ ဒု-စစ်ခေါင်း‌ဆောင်ဟာ မုံရွာ စစ်ဌာနချုပ်ကို ရောက်ရှိစဉ်မှာ ဒရုန်းနဲ့ တိုက်ခိုက်ခံရပေမဲ့ ထိခိုက်မှုရှိမရှိ အတည်ပြုနိုင်ခြင်းမရှိပါဘူး။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “ဒုတပ်ချုပ် စိုးဝင်း အသတ်ခံရတာ MRTV ကိုယ်တိုင် အတည်ပြုလိုက်ပြီ” မူရင်းလင်ခ့် – Youtube link | Archive link အလားတူတဲ့ရေးသားမျှဝေမှုတွေမှာ ဒုတိယစစ်ခေါင်း‌ဆောင် ဗိုလ်ချုပ်မှူးကြီးစိုးဝင်းလိုက်ပါလာတဲ့ စစ်ယာဉ် မိုင်းဆွဲခံရပြီး ပွဲချင်းပြီးသေဆုံးတယ်၊ PDF တွေ ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် သေဆုံးတယ်စသဖြင့်ဖော်ပြပါတယ်။ ဒီနေရာနဲ့ ဒီနေရာမှာကြည့်ပါ။  အချက်အလက်စိစစ်ချက် မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကို ရောက်ရှိလာတဲ့ ဒုတိယစစ်ခေါင်း‌ဆောင် ဗိုလ်ချုပ်မှူးကြီးစိုးဝင်းကို တော်လှန်ရေးအဖွဲ့တွေက ဒရုန်းနဲ့ တိုက်ခိုက်မှု တိုက်ခိုက်ခဲ့တဲ့ […]

Continue Reading

Fact Check: ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း မန္တလေးနန်းတွင်းမှာ ဗုံးကြဲတိုက်ခိုက်ခံရဆိုတဲ့ သတင်းတု

ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း မန္တလေးနန်းတွင်းမှာ ဗုံးကြဲခံရပြီး သေမသေ မသိရသေး ဘူးဆိုတဲ့ ဗွီဒီယိုတခု ယူကျူ့မှာဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းနေပါတယ်။ သတင်းတုတခု သာဖြစ်တယ်။  အောက်ပါစခရင်ရှော့နဲ့ စာသားကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုပို့စ်က ရယူထားခြင်းဖြစ်တယ်။  “ဗိုလ်ချုပ်စိုးဝင်း ဇာတ်သိမ်းပြီဟေ့ ဒု-စစ်ခေါင်းဆောင်စိုးဝင်း မန္တလေးနန်းတွင်မှာဗုံးကြဲခံရ သေမသေမသိရသေး(ပွဲဆူပြီဟေ့)” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။ ဗွီဒီယိုဖြန့်ဝေနေတဲ့ “Khit Thit News”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းတွေကို ပြန်လည်ကူးယူဖော်ပြတာ၊ ဖေ့စ်ဘွတ် အသုံးပြုသူတွေ မျှဝေတဲ့  အတွေးအမြင်တွေကို ပြန်လည်ဖြန့်ချိတာ တွေလုပ်ရာမှာ အခုလိုပဲ နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တုတပ်ပြီး ဖြန့်ချိလေ့ရှိပါတယ်။  ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo […]

Continue Reading

Fact Check: စစ်ခေါင်းဆောင်ကို ဖမ်းစီးကာ ဒုတိယစစ်ခေါင်းဆောင်က အာဏာသိမ်း ဆိုတဲ့ သတင်းတု

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဒုတိယစစ်‌ခေါင်းဆောင် စိုးဝင်းက ဖမ်းဆီးပြီးပြီး အာဏာလုယူ လိုက်တယ်လို့ ဆိုထားတဲ့ ယူကျူ့ဗွီဒီယိုတခု ပျံ့နှံ့မှုအားကောင်းနေတာတွေ့ရပါတယ်။ သတင်းတုဖြန့်ချိနေခြင်း ဖြစ်တယ်။ အောက်ပါစာသားနဲ့စခရင်ရှော့ဓာတ်ပုံကတော့ ဖေ့စ်ဘွတ်မှာတွေ့ရတဲ့ ပို့စ်က ရယူထားခြင်းဖြစ်တယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ယူကျူ့ရဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။ ဒီဗွီဒီယိုဟာ ယူကျူ့မှာ ကြည့်ရှုမှုပေါင်း ၂ ဒဿမ ၂ သိန်းကျော်ရှိထားတယ်။ “နေပြည်တော်ကိုပိတ်ချလိုက်ပြီ  စိုးဝင်းအာဏာသိမ်းလိုက်ပြီ သိန်းစိန်သမ္မတဖြစ်လာမှာကိုလက်မကြိုက်လို့ မင်းအာင်လှိုင်ကိုဖမ်းဆီးကာအာဏာလုယူ”(မူရင်းအရေးအသား) မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Khit Thit Radio”အမည်နဲ့ ယူကျူ့ချန်နယ်ကို လေ့လာကြည့်မယ်ဆိုရင် သတင်းမီဒီယာအချို့မှာ‌ဖော်ပြခဲ့တဲ့ သတင်း သို့မဟုတ် အတွေးအမြင်ဆောင်းပါးတွေကို ပြန်လည်ကူးယူဖော်ပြပြီး သတင်းခေါင်းစဉ်တု၊ […]

Continue Reading