Fact Check: မြေတကွက်ကားတစီးထက်ပိုမိုပိုင်ဆိုင်သူများကို စစ်ကောင်စီ အရေးယူမယ်ဆိုတဲ့ထုတ်ပြန်ချက်အတု
ငွေကြေးဖောင်းပွမှုကိုထိန်းချုပ်ဖို့ စစ်ကောင်စီတစ်ဖြစ်လဲ အိမ်စောင့်အစိုးရက ကားတစ်စီး မြေတစ်ကွက်ထက်ပိုမို ပိုင်ဆိုင်မှုတွေကိုသိမ်းဆည်းသွားမယ်ဆိုတဲ့ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းတုတစ်ခုဖြစ်တာကို Fact Crescendo Myanmar ကတွေ့ရပါတယ်။ “အိမ်ခြံမြေနဲ့ကားလောကတော့ ဘာတွေဆက်ဖြစ်မလဲ မသိတော့ဘူး😭 မအလက မလုပ်ရဲတာမရှိတော့ဘူး လက်နက်ဝယ်ဖို့ ငွေလိုလာပြန်ပြီထင်တယ်”လို့ ရေးသားပြီးဖေ့စ်ဘွတ်အသုံးပြုသူတစ်ဦးက အောက်ပါအတိုင်းမျှ ဝေထားတာတွေ့ရပါတယ်။ မူရင်းလင်ခ့် – FB link | Archive link အလားတူရေးသားမျှဝေမှုကို ဒီနေရာမှာ လည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် စစ်တပ်ထိန်းချုပ်ထားတဲ့ သတင်းဌာနတွေအပါအဝင် လွတ်လပ်တဲ့ သတင်းဌာနတွေမှာ ဒီသတင်းကို မတွေ့ရ သလို ဒီလိုထုတ်ပြန်တယ်လို့ကိုးကားရေးသားချက်လည်းမတွေ့ရပါဘူး။ အမှန်တကယ်ဆိုရင် ဒီအမိန့်ကြေညာ ဟာ လျို့ဝှက်ညွှန်ကြားလို့ရတဲ့ အရာမျိုးမဟုတ်တာလည်းတွေ့ရသလို မီဒီယာတွေအနေနဲ့လည်း ဖော်ပြခြင်းမပြုဘဲနေမှာမဟုတ်ပါဘူး။ ဒီလိုဖြန့်ဝေနေတဲ့ ပို့စ်တွေအောက်မှာ ဖေ့စ်ဘွတ်အသုံးပြုသူအများအပြားက စာအရေးအသားဟာ ရုံးစာရေးသားဟန် မဆန်ဘူးဆိုတဲ့ ပြောဆိုချက်လည်းတွေ့ရသလို စာအတုဆိုပြီးတော့ရေးသားမှတ်ချက် […]
Continue Reading