Fact Check: နေပြည်တော်လေယာဉ်ပျက်ကျမှုမှာ ဒု-တပ်ချုပ်စိုးဝင်းသေဆုံးမှုသတင်းတု

ကြာသပတေးနေ့က နေပြည်တော်အနီး လေယာဉ်ပျက်ကျရာမှာ ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းပါသွားတယ်ဆိုတဲ့ သတင်းတုပို့စ်တစ်ခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုပို့စ်ကို အောက်ပါစခရင်ရှော့မှာတွေ့နိုင်ပါတယ်။ “15 June 2023, နေပြည်တော်လေယဥ်ပျက်ကျမှု တပ်ချုပ် စိုးဝင်းပါ။”လို့ “News In Burmese”အမည်နဲ့ ယူကျူ့အကောင့်က ရေးသားမျှဝေထားရာမှာ ၂၄ နာရီအတွင်း ကြည့်ရှု့မှုပေါင်း ၂ သောင်း ၆ ထောင်ကျော်ရှိပါတယ်။  မူရင်းလင်ခ့် – Youtube link  | Archive link အချက်အလက်စိစစ်ချက် ၂ မိနစ်ကျော်ရှည်လျားတဲ့ ဒီ“News In Burmese”ယူကျူ့ဗွီဒီယိုထဲမှာပါတဲ့ လူထုနွေဦးသတင်းဝက်ဘ်ဆိုဒ်က ဖော်ပြခဲ့တဲ့ “စစ်ကောင်စီ ရဟတ်ယာဉ် နေပြည်တော် လယ်ဝေးမှာ ပျက်ကျပြီး ၂ ဦးသေဆုံး”ဆိုတဲ့ သတင်းကို ပြန်လည်ဖော်ပြနေခြင်းဖြစ်တယ်။  […]

Continue Reading