Fact Check: Golden Gout က ဒူလာရောဂါကို ကုသနိုင်တဲ့အထောက်အထားမရှိပါ

 Golden Gout ဖြည့်စွက်အစာအဟာရဟာ နို့ရည်ကြည်(colostrum)ပါဝင်တာကြောင့် ဒူလာရောဂါကို ပျောက်ကင်းစေတယ်လို့ဆိုပြီး ယခုရက်ပိုင်းမှာ ဖေ့စ်ဘွတ်မှာကြော်ငြာလာတာတွေ့ရပါတယ်။ တကယ်တော့ နို့ရည်ကြည်ဟာ ဒူလာရောဂါကို ကုသနိုင်တယ်ဆိုတဲ့လုံလောက်တဲ့အထောက်အထားမရှိပါဘူး။ နိုဝင်ဘာ ၅ ရက်က ဖေ့စ်ဘွတ်မှာကြော်ငြာထားတဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ရပါတယ်။ Golden Gout ကို တစ်ရက် ၂ ကြိမ် သောက်ရုံဖြင့် ဒူလာရောဂါကို သက်သာစေပြီး တစ်လအတွင်းမှာပျောက်ကင်းစေတယ်လို့လည်း ဆိုပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် တကယ်တော့ မြန်လို ဒူလာရောဂါလို့လူသိများတဲ့ အင်္ဂလိပ်စကား Gout(ဂေါက်)ရောဂါကို Golden Gout က ကုသနိုင်တယ်ဆိုတဲ့ အထောက်အထားမရှိပါဘူး။ ဖိလစ်ပိုင်မှာ အခုလို […]

Continue Reading