Fact Check: NUG သမ္မတ ဒူဝါလရှီလအဖမ်းခံရတယ်ဆိုတဲ့သတင်းခေါင်းစဉ်တု
NUG သမ္မတ ဒူဝါလရှီလ အောက်တိုဘာ ၁၇ ရက်က အဖမ်းခံရတယ်လို့ဆိုလိုထားတဲ့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့ပါတယ်။ နားလည်မှုလွဲမှာစေနိုင်တဲ့ သတင်းခေါင်းစဉ်တုဖြစ်ပါတယ်။ ဗွီဒီယိုပါ အကြောင်းအရာဟာ ရွှေဝါရောင်အရေးအခင်းမှာပါဝင်ခဲ့တဲ့ နွေဦးတော်လှန်ရေးသံဃကွန်ရက်အဖွဲ့ဝင် ဆရာတော်ဦးဣဿရိယ (မင်းသုည-ဗုဒ္ဓတက္ကသိုလ်)ရဲ့ ဆွေးနွေးမှုတစ်ခုဖြစ်ပါတယ်။ “အမြန်ဖြန့်ဝေပေးကြပါ ဗျာ အဖမ်းခံရပြီ”လို့ ရေးသားပြီး “Always” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ ဗွီဒီယိုထဲမှာလည်း “သွားပါပြီ 17-ရက် NUG သမ္မတကြီး အဖမ်းခံရပြီ တဲ့ဗျာ ထိပ်လန့်ကုန်ကြပီ”လို့ရေးသားထာပါတယ်။ မူရင်းလင်ခ့် – FB link | Archive link တူညီတဲ့ရေးသားမျှဝေမှုကို Youtube ရဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် တကယ်တော့ ဗွီဒီယိုပါအကြောင်းအရာဟာ နွေဦးတော်လှန်ရေးသံဃကွန်ရက်အဖွဲ့ဝင် ဆရာတော်ဦးဣဿရိယ (မင်းသုည-ဗုဒ္ဓတက္ကသိုလ်)ရဲ့ ဆွေးနွေးမှုတစ်ခုသာဖြစ်ပါတယ်။ ဒီအမျိုးသားညီညွှတ်ရေးအစိုးရ(NUG) သမ္မတ […]
Continue Reading