Fact Check: မဲခိုးခဲ့ကြောင်း ဒေါက်တာဇော်မြင့်မောင် ဝန်ခံလို့ သတင်းမှားဖြန့်
အောက်ခြေမဲရုံတွေမှာ မဲခိုးခဲ့ကြောင်း ဒေါက်တာဇော်မြင့်မောင်ဝန်ခံလိုက်တယ်လို့ရေးသားမျှဝေလျက်ရှိရာမှာ လူမှုကွန်ယက် အသုံးပြုသူ ရာဂဏန်းဝန်းကျင်ကပြန်လည်မျှဝေထားပါတယ်။ ပျံ့နှံခဲ့တဲ့ ပို့စ်တွေမှာ အောက်ခြေမဲရုံတွေမှာ မဲခိုးခဲ့ကြောင်း ဒေါက်တာဇော်မြင့်မောင်ဝန်ခံလိုက်ပြီး ဒီလိုမဲခိုး တာဟာ NLD ပါတီဝန်းရံသူများက ပါတီကို နိုင်လိုဇောနဲ့ ခိုးပေးခဲ့ခြင်းဖြစ်တယ်လို့ပြောကြားကြောင်း ရေးသား မျှဝေနေတာဖြစ်ပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေကို နားလည်မှုလွဲမှားစေနိုင်တဲ့အရေးအသားနဲ့ ပို့စ်တွေကိုအောက်ပါအတိုင်းတွေ့ရ ပါတယ်။ “ဝန်မခံလို့မရတော့ဘူးလေ ပညာရေးဌာနက သင်ကြားရေးဝန်ထမ်းတွေ မဲမသမာမှူ့ပြုခဲ့တာမှန်ကန်ကြောင်း UEC ကဝန်ခံခဲ့တယ် ပြည်ခိုင်ဖြိုးပါတီကလည်း (26-11- 2020)ရက်နေ့မှာ သက်သေအထောက်ထားခိုင်လုံစွာနဲ့ကမ္ဘာသိချပြပြီးပြီ အထို့အတူပါဘဲ့ တပ်မတော်ကလည်း (27-11-2020)ရက်နေ့မှာ သက်ဆိုင်ရာမဲရုံအလိုက်စစ်ဆေးနေပြီ ပြောသင့် ပြောထိုက်တဲ့အချိန် ပြောမယ်လို့ ချပြပြီ ဒါကြောင့်မို့ထင်တယ် ကြိုကာထားဟန်ရှိပါတယ် အစိုးရလည်း UEC သည်သီးခြားလွတ်လပ်တဲ့အဖွဲ့အစည်းဖြစ်တဲ့အတွက် အစိုးရနှင့်မဆိုင် လွဲချပြီ UEC ကလည်း အောက်ခြေကပြဿနာ ကျွန်တော်တို့နဲ့မဆိုင်ဟု အောက်ခြေကိုဘဲ လွဲချပြီ […]
Continue Reading