Fact Check: ဒေါက်တာဇော်မြင့်မောင်သေဆုံးပြီးနောက် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ နိုင်/ကျဉ်းတွေကို လွှတ်ပေးဆိုတဲ့ သတင်းတု

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဒုတိယဥက္ကဌ ဒေါက်တာဇော်မြင့်မောင်သေဆုံး ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသား ၇၃၀၀ ကျော်ကို စစ်ခေါင်းဆောင်က လွှတ်ပေး လိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့ချန်နယ်တွေမှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်း နေတာတွေ့ရပါတယ်။ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေသာဖြစ်တယ်။ အောက်မှာ ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားတဲ့ ဒီလို ဆိုလိုထားတဲ့ ဗွီဒီယိုပို့စ်ပါစာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ဓာတ်ပုံကိုကြည့်ပါ။ အလားတူတဲ့ပြောဆိုမှုတွေပါဝင်တဲ့ ဖြန့်ဝေမှုတွေကို  ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရတယ်။ “သူ့ကြောင့် Dr.ဇော်မြင့်မောင် သေခဲ့ရလို့  ပြည်သူတွေ စိတ်နှလုံးအေးချမ်းဖို့ အမေစုနဲ့အတူ နိုင်ကျဉ်း (၇၃၀၀)ဦးလွတ်ငြိမ်းခွင့်ပေးပြီဟု မအလကြေညာ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒေါက်တာဇော်မြင့်မောင်သေဆုံးပြီးနောက် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးတယ်ဆိုတဲ့ သတင်းဖော်ပြချက်မတွေ့ရှိပါဘူး။ ဗွီဒီယိုကို […]

Continue Reading