Fact Check: ဒေါ်ဇင်မာအောင်ကို တီမောက လက်နက်အကူအညီပေးသလား-မဟုတ်ပါ

အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကို လက်နက်အကူအညီပေးလိုက် တယ်လို့ဆိုထားတဲ့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ ဗွီဒီယိုထဲမှာ ဇူလိုင်လ ၁ ရက်မှာ ကျင်းပခဲ့တဲ့ တီမောလက်စတေးနိုင်ငံသမ္မတ ကျမ်းသစ္စာကြိမ်ဆိုပွဲ ဒေါ်ဇင်မာ အောင်တက်ရောက်တဲ့ ဓာတ်ပုံနဲ့အတူ  ဒီလိုရေးသားထားတာဖြစ်ပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်း ခေါင်းစဉ်တုဖြန့်ချိမှုဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ “ဒေါ်ဇင်မာအောင်ကိုလက်နက်အကူညီပေးဖို့ဆုံးဖြတ်ချက်ချလိုက်လို့ မအလနဲ့စစ်အုပ်စုတို့ရဲ့ကျရှုံးခန်းရောက်ပြီ” တူညီတဲ့ရေးသားမျှဝေမှုကို ယူကျူ့ရဲ့ ဒီနေရာမှာလည်း ရေးသားထားပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် အခု ဒီဗွီဒီယိုထဲမှာပါတဲ့အကြောင်းအရာဟာ တီမောက အခုလို NUG ကို သမ္မတကျမ်းသစ္စာကျိန်ဆို အခမ်းအနား တစ်ခုကို တက်ရောက်ဖို့ ဖိတ်ကြားမှုဟာ မြန်မာစစ်အာဏာသိမ်းအစိုးရအတွက် အကြီးအကျယ်ထိုးနှက်ချက် တစ်ခုဖြစ်တဲ့အကြောင်း၊ စစ်အုပ်စုဟာ […]

Continue Reading

Fact Check: CRPH၊ NUG တာဝန်ရှိသူတွေရဲ့ ဖက်ဒရယ်အရေး၊ တော်လှန်ရေးနဲ့ ပတ်သက်တဲ့ ပြောစကားအတုတွေ ပျံ့နှံ့

CRPH၊ NUG တာဝန်ရှိသူတွေရဲ့ ဖက်ဒရယ်အရေး၊ တော်လှန်ရေးဆိုင်ရာတွေနဲ့ ပတ်သက်တဲ့ ပြောစကားများ အဖြစ်ဖေ့စ်ဘွတ်မှာဖြန့်ဝေနေတဲ့ ပို့စ်အချို့ဟာ ကာယကံရှင်တွေက ပြောကြားခဲ့ခြင်း မရှိဘူးလို့ ငြင်းဆိုထားပြီး သတင်းတုဖြန့်ဝေနေခြင်းဖြစ်တာတွေ့ရပါတယ်။  ပျံ့နှံ့နေတဲ့ ပို့စ်တွေမှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)ဥက္ကဌ ဦးအောင်ကြည်ညွန့်၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ NUG ပြောခွင့်ရ ဦးနေဘုန်းလတ် တို့ရဲ့ ဖက်ဒရယ်အရေး၊ တော်လှန်ရေးနဲ့ပတ်သက်ပြီးပြောကြားချက်တွေပါဝင်ပြီး ဒီပြောဆိုချက်တွေဟာ အတုသာဖြစ်တယ်လို့ ကာယကံရှင်တွေက အတည်ပြုပါတယ်။ အောက်ပါ စခရင်ရွှတ်ကတော့ ဦးအောင်ကြည်ညွှန့်ပြောစကားများအဖြစ် ဖြန့်ဝေထားတဲ့ ပို့စ်တစ်ခုရဲ့ မြင်ကွင်းဖြစ်ပါတယ်။ ဦးအောင်ကြည်ညွှန့် ဓာတ်ပုံနဲ့အတူ “ဗမာပြည်နယ်တွေ ဖက်ဒရယ်ဖွဲ့စည်းပုံတွေဆိုတာ အမေစုမပါဘဲ ကျွန်တော်တို့သဘောနဲ့ ဆုံးဖြတ်ချက်မချရဘူး အဲ့တော့ ဖက်ဒရယ်ပြည်ထောင်စုဖြစ်ချင်ရင်  တိုင်းရင်း သားအားလုံးက အမေစု ပြန်လွတ်လာအောင် စစ်တိုက်ပေး”လို့ရေးသား ဖြန့်ချိထားပါတယ်။ တူညီတဲ့ရေးသားဖြန့်ဝေမှုကို  ဒီနေရာမှာလည်း တွေ့ရပါတယ်။ […]

Continue Reading

Fact Check: NUG ရဲ့ တရုတ်နှစ်ကူးသဝဏ်လွှာကို သီတဂူဆရာတော်လုပ်ကြံခံရဟု သတင်းခေါင်းစဉ်တုတပ် ဖြန့်ဝေ

သီတဂူဆရာတော် ဒရုန်းနဲ့ လုပ်ကြံခံရပြီး ကျောင်းဆောင်အတွင်းမှာ သေပြီဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ် အသုံးပြုသူတွေ အကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်ပါတယ်။ “သီတဂု ဆရာ်တော် ဒရုန်းနဲ့ လုပ်ကြံခံရပြီ(မူရင်းအရေးအသား)”လို့ ပို့စ်စာသားမှာရေးသားထားပြီး ဗွီဒီယို အစမှာပြသတဲ့ thumbnail ဓာတ်ပုံမှာတော့ “24 ရက်နေ့ သီတဂူဆရာတော် ဒရုန်းစာမိပြီ ကျောင်းဆောင် အတွင်းမှာ သေပြီ”လို့လည်း ရေးသာထားပါတယ်။ တကယ်တော့ ဗွီဒီယိုပါ အကြောင်းအရာဟာ အမျိုးသား ညီညွှတ်ရေးအစိုးရ(NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ရဲ့ တရုတ်နှစ်သစ်ကူးသဝဏ်လွှာကို ဖတ်ကြားနေခြင်းသာဖြစ်ပါတယ်။ “Top 2” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးစာမျက်နှာက ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၄ ရက်မှာ အောက်ပါအတိုင်းမျှဝေထား တာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာမှာ […]

Continue Reading