Fact Check: ထမီခါးတောင်ကြိုက်အိတ်ထမ်းနေတဲ့ NLD အမတ် ဒေါ်သီရီရတနာပုံအဖြစ်မျှဝေနေ

ရေကြီးရေလျံနေသော အိမ်တစ်လုံးနဲ့အတူ အမျိုးသမီးတစ်ယောက် ခါးတောင်ကြိုက်ကာ အိတ်ထမ်းနေပုံကို ဘီးလင်းမြို့ NLD လွှတ်တော်အမတ်ဒေါ်သီရီရတနာအဖြစ် လူမှုကွန်ယက်အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေထားပါတယ်။  ပျံ့နှံ့ခဲ့တဲ့ ပို့စ်တွေမှာ တပ်မတော်အရာရှိတစ်ယောက်နဲ့ စကားပြောနေဟန်၊အုတ်တံတိုင်ခတ် ခြံစည်းရုံး တစ်ခုပေါ်က ကျော်ကြည့်နေတဲ့ပုံစတဲ့ အခြားသော ပုံတွေလည်းပါဝင်ပြီး ထမီကို ခါးတောင်ကြိုက်လျှက် အိတ်တစ်လုံးကို ထမ်းနေပုံကို ဘီးလင်းမြို့နယ်က လွှတ်တော်ကိုယ်စားလှယ် မသီရိရတနာ အဖြစ်ရေးသားလျှက် မျှဝေနေတာဖြစ်ပါတယ်။ ပို့စ်ပါ အခြားသောပုံတွေဟာ ဒေါ်သီရီရတနာပုံတွေဖြစ်တာတွေ့ရပေမဲ့ ထမီကို ခါးတောင်ကြိုက်လျှက် အိတ်တစ်လုံးကို ထမ်းနေပုံဟာသူမဟုတ်ကြောင်း ဒေါ်သီရီရတနာ ငြင်းဆိုထားတာတွေ့ရပါတယ်။  လူမှုကွန်ယက်အသုံးပြုသူတွေအကြားနားလည်မှုလွဲမှားစေနိုင်တဲ့ အရေးအသားနဲ့ပို့စ်ကို အောက်ပါအတိုင်း တွေ့ရပါတယ်။ အလားတူရေးသားမျှဝေထားတဲ့ ပို့စ်တွေကို ဒီနေရာ၊ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link […]

Continue Reading