Fact Check: ဒေါ်အောင်ဆန်းစုကြည်ပုံပါတဲ့အင်္ကျီကိုကိုင်လျှက် သမ္မတအိုဘာမား ဓာတ်ပုံအရိုက်ခံနေပုံလား

ဒေါ်အောင်ဆန်းစုကြည်ပုံပါတဲ့အင်္ကျီကိုကိုင်လျှက် အမေရိကန်သမ္မတဟောင်း ဘာရက်အိုဘာမား(Barack Obama)ဓာတ်ပုံရိုက်ခံနေတဲ့ဓာတ်ပုံအပါအဝင် ဓာတ်ပုံ ၃၀ ကိုဖေ့စ်ဘွတ်အသုံးပြုသူထောင်ဂဏန်းက ပြန်လည်မျှ ဝေလျက်ရှိပါတယ်။ ဓာတ်ပုံတွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်ပုံဝတ်ဆင်ထားတဲ့ ဟောင်ကောင် ရုပ်ရှင်မင်းသား ဂျက်ကီချမ်းပုံအပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အလံ၊အများပြည်သူနဲ့ဆိုင်တဲ့ လှုပ်ရှားမှု၊ ဒေါ်အောင်ဆန်း စုကြည်ပုံပို့စတာတွေလည်းပါဝင်ပါတယ်။  အမေရိကန်သမ္မတဟောင်း အိုဘားမားဟာ သူ့သမ္မတသက်တမ်းမှာ မြန်မာနိုင်ငံထိတွေ့ဆက်ဆံရေးကို စတင် ကျင့်သုံးခဲ့သူဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ချီးမွှမ်းခဲ့တဲ့ နိုင်ငံရပ်ခြား ခေါင်းဆောင်တွေထဲက တစ်ဦး ဖြစ်ပါတယ်။  သို့သော် စတင်ပျံ့နှံခဲ့တဲ့ဓာတ်ပုံတွေမှာ အိုဘာမားဟာ တီရှပ်တစ်ထည့်ကို ကိုင်ပြီး ဓာတ်ပုံအရိုက်ခံနေတာမှန်ပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံ တီရှပ်မဟုတ်တာတွေ့ရပါတယ်။ “ပုံပြင်မဟုတ်ဘူး  အမှန်တကယ် ဖြစ်ခဲ့ အားပေးခဲ့တာ  ထောက်ခံခဲ့ကြတာ”လို့ “မင်္ဂလာမောင်နှံ မဂ္ဂဇင်း”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါ အတိုင်း မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း  ၁၆၀၀ ရှိပါတယ်။ တူညီတဲ့ရေးသားမျှ ဝေမှုတွေကို […]

Continue Reading

Fact Check: တရားရုံးကအမိန့်ချအပြီး ဒေါ်အောင်ဆန်းစုကြည် မူးဝေသွားပုံလား- မဟုတ်ပါ

ပုစွန်ဆီရောင်အင်္ကျီဝတ်ဆင်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ခုံတန်းတစ်ခုနောက်မှာ ခေါင်းငုံထားတဲ့ ဓာတ်ပုံကို တရားခွင်မှာ မူးဝေအားပြတ်သွားတဲ့ ဓာတ်ပုံအဖြစ် ဖေ့စ်ဘွတ်အသုံးပြုသူ ရာဂဏန်းက ပြန်မျှဝေလျက် ရှိပါတယ်။ သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို ဒီဇင်ဘာ ၆ ရက်က နေပြည်တော်အထူးတရားရုံးက ထောင်ဒဏ် ၄ နှစ်ချမှတ်အပြီးမှာ အခုလိုပျံ့နှံ့လာတာဖြစ်ပါတယ်။ သို့သော်ဓာတ်ပုံကို ၂၀၁၂ ခုနှစ် ဇွန်ကတည်းက အင်တာနက်မှာပျံ့နှံ့လျက်ရှိတာတွေ့ရပြီး ပြည်နိုင်ငံခရီးစဉ် တစ်ခုမှာ နေမကောင်းဖြစ်တဲ့ ဓာတ်ပုံဖြစ်တာတွေ့ရပါတယ်။ “မတရားတဲ့ တရားခွင်မှာ အမေ အားပြတ်၊မူးဝေနေလို့ ခုံပေါ်မှောက်လိုက်တဲ့ဓါတ်ပုံ ကမ္ဘာအနှံ့ပြန့်ခဲ့သလို မြင်ရသူအပေါင်း ကြေကွဲ ဝမ်းနည်းခဲ့ကြပါတယ်။ အခု တရုတ်ပန်ချီဆရာ  ရေးဆွဲ ဂုဏ်ပြု့လိုက်တာ။       ပန်းချီကား နာမည်          (ဦးဆွေးဆံမြေ့) #crd”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါ အတိုင်း မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်ခြံဝင်းထဲက မြေအောက်ဉမင် ဓာတ်ပုံလား-မဟုတ်ပါ

ဒေါ်ဆောင်ဆန်းစုကြည်ရဲ့ နေအိမ်ကနေ အမေရိကန်ကို ဆက်သွယ်ထားတဲ့ မြေအောက်ဉမင်လှိုဏ်ခေါင်းတွေ ဆိုပြီးတော့  ဓာတ်ပုံ ၂ ပုံကို ဖေ့စ်ဘွတ် အသုံးပြုသူထောင်ပေါင်းများစွာ ပြန်လည်မျှဝေလျက်ရှိပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်တွေမှာ ဉမင်းတွေဟာ  ဒေါ်အောင်ဆန်းစုကြည်နေအိမ်ခြံဝင်းနေက အမေရိကန် နိုင်ငံရဲ့ နေရာ ၅၁(Area 51)ကို ဆက်သွယ်ထားတယ်လို့လည်ဆိုထားသလို  ရွှေချောင်းတွေနဲ့ ဒေါ်လာအပြင် တန်ဖိုးကြီး ရှားပါး သတ္တုအမျိုးအစားတွေနဲ့ ရှေးဟောင်း ပစ္စည်းတွေပါတွေ့ရတယ်လို့ ရေးသားထားပါတယ်။ Area 51 ဆိုတာ ကတော့ အမေရိကန်နိုင်ငံရဲ့ စစ်ဘက်ဆိုင်ရာ အထူးလျို့ဝှက်နေရာတစ်ခုလို့ နာမည်ကြီးတဲ့ နေရာဒေသ တစ်ခုဖြစ်ပါတယ်။ သို့သော် ဓာတ်ပုံတွေဟာ အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တဲ့ ဓာတ်ပုံတွေဖြစ်တာတွေ့ရပြီး ဒေါ်အောင်ဆန်းစုကြည် နေအိမ်နဲ့လည်း သက်ဆိုင်ခြင်းမရှိသလို အမေရိကန်ရဲ့ စစ်ဘက်လျှို့ဝှက်နေရာနဲ့လည်း သက်ဆိုင်ခြင်းမရှိပါဘူး။ ဓာတ်ပုံ ၂ ပုံနှင့်အတူ “သတိုးမဟာ […]

Continue Reading

Fact Check: ခြံအမှတ်(၅၄)က ရရှိတဲ့ရွှေချောင်းနဲ့ဒေါ်လာတွေဆိုတဲ့ ဓာတ်ပုံအမှား

ခြံအမှတ် ၅၄ က ရတဲ့ရွှေချောင်းတွေဆိုပြီးတော့ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားမှာ မျှဝေလျှက်ရှိတာတွေ့ ရပါတယ်။ ပျံ့နှံလျှက်ရှိတဲ့ ဓာတ်ပုံပို့စ်မှာ ရွှေချောင်းတွေနဲ့ ဒေါ်လာငွေကြေးအပုံလိုက် ဓာတ်ပုံတွေပါဝင်ပြီး ရွှေက တစ်တန်ခွဲနဲ့ ငွေကြေးကတော့ စိစစ်ဆဲလို့ ရေးသားထားပါတယ်။ ခြံအမှတ် ၅၄ ဆိုတာ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းကအိမ်ကို ရည်ညွှန်းတာဖြစ်ပါတယ်။ သို့သော် ဓာတ်ပုံတွေဟာ အင်တာနက်မှာ ပြန်နှံ့ခဲ့ပြီးဖြစ်တဲ့ မြန်မာနိုင်ငံနဲ့ သက်ဆိုင်ခြင်းမရှိတဲ့ ဓာတ်ပုံတွေဖြစ် တာတွေ့ရပါတယ်။  “ခြံအမှတ်(၅၄) လို့ပြောတာပဲ ရွှေကတစ်တန်ခွဲရှိတယ်တဲ. ငွေကစစ်နေတာမပြီးသေးဘူးတဲ. photo credit”လို့ရေးသားလျှက် “Nyi Zaw”အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားရာ ဒီပို့စ်ကို ပြန်လည်မျှဝေတဲ့ အကြိမ်အရေအတွက် ၂၅၀  ကျော်ရှိပါတယ်။ အလားတူ ရေးသားမျှဝေမှုတွေကို  ဒီနေရာ၊ ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ ဒီနေရာ၊ဒီနေရာ၊ ဒီနေရာ၊ဒီနေရာနဲ့ […]

Continue Reading

Fact Check: NUG ရဲ့အကြမ်းဖက်လုပ်ရပ်ကို လက်မခံဘူးလို့ ဒေါ်အောင်ဆန်စုကြည် ပြောခဲ့တယ်ဆိုတာ မဟုတ်ပါ

NUG ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို လက်မခံကြောင်း ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ရှေ့နေတွေကိုပြောတယ် လို့ ရေးသားပြီး ဖေ့စ်ဘွတ်မှာမျှဝေလျက်ရှိပါတယ်။ သတင်းစာတစ်စောင်က ရေးသားဖော်ပြချက်ဖြတ်ပိုင်း တစ်ခုလို့ ယူဆရတဲ့ ဓာတ်ပုံပို့စ်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အကြမ်းဖက်လုပ်ရပ်ကို အားမပေးကြောင်းနဲ့ NUG ရဲ့လုပ်ရပ်တွေကို အံ့ြသဝမ်းနည်းရကြောင်း သူ့ရှေ့နေတွေကို ပြောကြားခဲ့တယ်လို့ ရေးသားထားပါတယ်။  သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေတစ်ဦးဖြစ်တဲ့ ဒေါ်မင်းမင်းစိုးက ဒီလိုပြောကြားခဲ့တာ မဟုတ်ကြောင်းငြင်းဆိုထားပါတယ်။   “NUG ရဲ့အကြမ်းဖက်လမ်းစဥ်ကို လက်မခံကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော”လို့ရေးသားပြီး “နေဘုန်းခန့်” အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြု သူက မျှဝေထားတာ အောက်ပါအတိုင်းတွေ့ရပါတယ်။အလားတူ ရေးသားထားတဲ့ ပို့စ်ကို ဒီနေရာ၊ ဒီ‌နေရာ၊ ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါ တယ်။ မူရင်းလင်ခ့် – Fb link |  Archive link အချက်အလက်စိစစ်ချက် […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တွေ့ဆုံဆိုတဲ့ သတင်းတု

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တွေ့ဆုံခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်က သားတွေရှိရာ ပြန်လိုတယ်လို့ တောင်းဆိုခဲ့ကြောင်းတယ်ဆိုတဲ့ ဓာတ်ပုံပို့စ်ကို လူမှုကွန်ယက်အသုံးပြုသူတွေက မျှဝေ လျှက်ရှိပါတယ်။ ဒီလိုမျှဝေရာမှာ 7day သတင်းဌာနက ၂၀၂၁ ခုနှစ် ဇူလိုင် ၁၆ ရက်ကမျက်နှာဖုံးအဖြစ် ပုံနှိပ်ဖော်ပြထားတယ်ဆိုတဲ့ ဓာတ်ပုံတစ်ပုံလည်းပါဝင်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ဒေါ်အောင်ဆန်း စုကြည်က အင်္ဂလန်သို့ အပြီးပြန်လိုတယ်လို့လည်း ပြောကြောင်း ရေးသားထားပါတယ်။ “ဆိုလိုတာက စစ်တပ်ကိုအာဏာရအောင်လုပ်ပေးခဲ့ပေးပြီ၊ (၅)နှစ်တာကာလ ရသမျှလည်းစုဆောင်းခဲ့ပြီးပီ ဆိုတော့ အပြီးပြန်တော့မယ်ပေါ့ ပြည်သူတွေကတော့ ခံကြပေဦးပေါ့”လို့ ရေးသားပြီး “ေစာ ေဒ ဝီ”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားပါတယ်။ တူညီတဲ့ ရေးသားဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည် ကိုယ်စားလှယ်လျှောက်လာတင်တုန်းကပုံကို နေပြည်တော်မှာရုံးထုတ်လာတဲ့ မြင်ကွင်းအဖြစ် မျှဝေနေ

ဧပြီ ၁၂ ရက်က နေပြည်တော်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ရုံးထုတ်လာတဲ့ပုံအဖြစ် ဓာတ်ပုံ ၅ ပုံနှင့်အတူ မျှဝေထားရာမှာ ဒီပို့စ်ကို ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေလျက်ရှိပါတယ်။  မျှဝေလျက်ရှိတဲ့ပို့စ်တွေမှာ အရပ်ဝတ် လုံခြုံရေးများဝိုင်းရံလျက် မရမ်းရောင်လွှမ်းမိုးတဲ့ဝတ်စုံ ဝတ်ဆင်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ကားအနက်တစ်စီးပေါ်မှာ ထိုင်လျက်ပုံ၊ ကားဆီကနေ လမ်းလျှောက်ထွက် လာပုံတွေပါဝင်ပါတယ်။ သို့သော်လည်း ဓာတ်ပုံတွေဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲကာလမှာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်စားလှယ်လောင်းလျှောက်လွှာသွားရောက်တင်စဉ်က ပုံဖြစ်ပါတယ်။ “၁၂.၄.၂၀၂၁ တနင်္လာ မနေ့က အမေစု နဲ့ သမ္မတ္တကြီးကို ရုံးထုတ်တဲ့ ပုံများ”စသည်ဖြင့်ရေးသားပြီး “Daw Hnin” အမည်နဲ့ဖေစ့်ဘွတ် အသုံးပြုသူက ဧပြီ ၁၃ ရက်က မျှဝေရာမှာ ၅ နာရီအတွင်း ဖေ့စ်ဘွတ်အသုံးပြုသူ ၄ ရာဝန်းကျင်မှ ပြန်လည်မျှဝေထားပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်တဲ့ ဝါဒဖြန့်သတင်းတု

လေယာဉ်လက်မှတ်၊ ဒေါ်အောင်ဆန်းစုကြည်ပုံ၊ နာရေးအခမ်းအနားတစ်ခု၊ ခေါင်းလောင်းထိုးနေဟန်ပုံတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်အစစ်နဲ့အတုသံသယရှိဖွယ်အကြောင်းအရာများဆိုပြီးတော့ ရေးသားမျှဝေထားတဲ့ ပို့စ်ကို ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေနေတာတွေ့ရပါတယ်။   ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်မှာ အငယ်ဆုံးသားဖြစ်သူ မူးယစ်ဆေးမှုနဲ့ အဖမ်းခံရပြီး သေဒဏ်ကျခံဖို့ရှိပြီးနောက် သေဒဏ်က နေ လွတ်မြောက်ဖို့ အမေရိကန်ထောက်လှမ်းရေး(CIA)နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အပေးအယူအဖြစ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား အခြားသူတစ်ဦးက ဟန်ဆောင်ထားခြင်းဖြစ်တယ်လို့ ရေးသားထားပြီး ဒေါ်အောင်ဆန်း စုကြည်ကွယ်လွန်ပြီဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ကြောင်း စသည်ဖြင့်ရေးသားထားပါတယ်။ တကယ်တော့ ဓာတ်ပုံတွေဟာ အင်တာနက်မှာပျံ့နှံ့လျက်ရှိပြီးဖြစ်တဲ့ဓာတ်ပုံတွေဖြစ်ပြီး ဒေါ်အောင်ဆန်း စုကြည်နဲ့ မသက်ဆိုင်တဲ့ ပုံတွေလည်းပါဝင်ပါတယ်။ ဖေ့စ်ဘွတ်မှာ ပျံ့နှံမှုအားကောင်းခဲ့တဲ့ ပို့စ်တစ်ခုကို အောက်ပါအတိုင်းတွေ့ရပါတယ်။ တူညီတဲ့ရေး သားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ ဒီရေးသားမျှဝေချက်တွေထဲက ကောက်နုတ်ချက်အနေနဲ့ဖော်ပြရရင် “၂၀၁၇ က ဒေါ်စု သားအငယ်ကောင် […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းသွားပုံလား-မဟုတ်ပါ

ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းသွားပုံအဖြစ် ဓာတ်ပုံပို့စ်တစ်ခုကို လူမှုကွန်ယက်မှာမျှဝေနေတာ တွေ့ရပါတယ်။ တကယ်တော့ ဒီဓာတ်ပုံဟာ ဒေါ်အောင်ဆန်းစုကြည်၂၀၁၇ ခုနှစ်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဉက္ကဌဟောင်း ဦးအောင်ရွှေရဲ့ နာရေးကို တက်ရောက်ပြီးအပြန်က ပုံဖြစ်ပါတယ်။ “အဖမ်းခံနေကြဆိုတော့ သူ့အတွက်တော့  မစဥ်းတတ်လောက်ဘူး။ ကျန်ခဲ့တဲ့ ပြည်သူ တွေအတွက်  သူမရဲ့ plan တွေ အကောင်ထည် မဖော်ခဲ့ရမှာပဲ စိုးရိမ်နေလောက်ပြီ။ အထူးသဖြင့် Covid Vaccine.”လို့ ရေးသားပြီး Michael San Aung အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူ မျှဝေထားရာမှာ ပြန်လည်မျှဝေသူ ၄၀၀ ကျော် ရှိပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link  အချက်အလက်စိစစ်ချက် ဓာတ်ပုံကို Yandex မှာပုံရှာနည်းအသုံးပြုပြီးရှာဖွေရာမှာ  ဓာတ်ပုံဝက်ဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ Getty Images […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်ကို နောင်ပွင့်မယ့် အရိမေတ္တယျဘုရားလို့ တောင်ဉက္ကလာအမတ်ပြောခဲ့သလား-မဟုတ်ပါ

ဒေါ်အောင်ဆန်းစုကြည်ကို နောင်ပွင့်မယ့် အရိမေတ္တယျဘုရားလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ တောင်ဉက္ကလာပအမတ်ဦးထွန်းငွေပြောတယ်ဆိုတဲ့ ပို့စ်တစ်ခုကို လူမှုကွန်ယက်မှာပျံ့နှံ့လျက်ရှိတာတွေ့ ရပါ တယ်။ ပါတီရန်ပုံငွေဖြင့်ထုလုပ်ထားသော ဒေါ်အောင်ဆန်းစုကြည် ဘုရားစုပန်နေပုံရုပ်တုများကို ယနေ့ထုတ်ဖော် ပြသရင်း  တောင်ဉက္ကလာပလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းငွေက Yangon Times ကို အခုလိုပြောတယ် ဆိုပြီးတော့ ရေးသားထားပါတယ်။ ပို့စ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံတုရုပ်တု အချို့လည်းပါဝင်ပါတယ်။ သို့သော်လည်း မျှဝေလျက်ရှိတဲ့ပို့စ်မှာပါတဲ့ ဓာတ်ပုံတွေဟာ နာရေးကူညီမှုအသင်းဉက္ကဌဖြစ်သူ သရုပ်ဆောင် ဦးကျော်သူက ပြည်မြို့မှာ တည်ထားကိုးကွယ်ထားတဲ့ ပရဟိတစေတီတော်မှာ ထည့်သွင်းထုလုပ်ခဲ့တဲ့ ရုပ်တုတွေဖြစ်တာတွေ့ရပြီး တောင်ဉက္ကဌလာပလွှတ်တော်ကိုယ်စားလှယ်တွေထဲမှာလည်း ဦးထွန်းငွေအမည်နဲ့ လွှတ်တော်ကိုယ်စားလှယ်မရှိပါဘူး။ လူမှုကွန်ယက်အသုံးပြုသူတွေကို နားလည်မှုလွဲမှားစေနိုင်တဲ့အရေးအသားနဲ့ပို့စ်ကို အောက်ပါအတိုင်း တွေ့ရပါတယ်။ အလားတူရေးသားမျှဝေထားတာတွေကို ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link […]

Continue Reading